(ဂ)-ကနီမြို့နယ်ရှိ မင်အို-အိုင်တောင်-နတ်တောင်-နွားခြံကုန်းလမ်းအား လမ်းတာချဲ့နိုင်ရန်နှင့် လမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း
မင်အို-အိုင်တောင်-နတ်တောင်-နွားခြံကုန်းလမ်းသည် ကျေးရွာပေါင်း ၁၃ ရွာ၊ အိမ်ထောင်စုပေါင်း ၂၀၀၀ ကျော်နှင့် လူဉီးရေပေါင်း ၁၁၀၀၀ ကျော်ရဲ့ လူမှုစီးပွားရေးဘဝများအတွက် များစွာအားထား အကျိုးပြုရသည့် လမ်းတစ်လမ်းဖြစ်ပါကြောင်း၊ ပုံမှန် လမ်းကြောင်းအတိုင်း လမ်းအဆင့်မြှင့် တင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်မည်ဆိုပါက လမ်းအရှည်သည် ၁၀ မိုင်ခွဲခန့်ရှိမည်ဖြစ်ပြီး မင်အို-အိုင်တောင်လမ်းပိုင်းသည် ချင်းတွင်းမြစ်ရေဝင်ရောက်လေ့ရှိပါကြောင်း၊ နေက်လမ်းကြောင်း အတိုင်း လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်မည်ဆိုပါက လမ်းအရှည် မိုင်သည် ၁၃ မိုင်ခန့်ရှိမည်ဖြစ်ပြီး မြစ်ရေလွတ်သည့်အပိုင်း ဖြစ်ပါကြောင်း၊
မြစ်ရေဝင်ရောက်လေ့ရှိသည့် မင်အို-အိုင်တောင်လမ်းပိုင်းက လမ်းအဆင့်မြှင့်တင်သည်ဖြစ်စေ၊ မြစ်ရေလွတ်သည့်ဘက်က လမ်းအဆင့်မြှင့်တင်သည်ဖြစ်စေ ဒေသအတွက်များစွာ အကျိုးပြုသည့် လမ်းဖြစ်သည့်အတွက် မင်အို-အိုင်တောင်-နတ်တောင်-နွားခြံကုန်းလမ်းကို လမ်းတာချဲ့နိုင်ရေးနှင့် လမ်းအဆင့်မြှင့်တင်ပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။