(စ)-မင်းဘူး(စကု)မြို့နယ်၊ အိုင်မရွာနှင့် အိုးပြင်မဲရွာတို့ ဆက်သွယ်သောနေရာတွင် ရာသီမရွေးသွားလာ နိုင်သော မန်းချောင်းတံတား တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-31

မိမိတို့ မင်းဘူး(စကု)မြို့နယ် စကု-အိုင်းမလမ်းမှ မန်းရွှေစက်တော်ကိုသွားသည့်လမ်းတွင် အိုင်းမရွာ နှင့် အိုးပြင်မဲရွာနှစ်ရွာကြားတွင် အမြဲတမ်းစီးဆင်းနေသော မန်းချောင်းရှိပါကြောင်း၊ ၎င်းမန်းချောင်း ကိုဖြတ်ပြီးမှ ရွှေစက်တော်ကို ဘုရားဖူးသွားရပါကြောင်း၊ ယခု မန်းရွှေစက်တော်သည် ၁၂ လရာသီ တစ်နိုင်ငံလုံးရှိ ဘုရားဖူးများဘုရားဖူးသွားလာနိုင်ရန်အတွက် လှေတင်တံတားကလည်း တည် ဆောက်ပြီး ဖြစ်ပါကြောင်း၊ ယခု ရွှေစက်တော်မှ စကုမြို့ကိုဖြတ်ပြီး စန္ဒကူးနံ့သာ ကျောင်းတော်ရာ ဘုရားကို သွားမည်ဆိုပါက အဓိကအသုံးပြုရသော လမ်းဖြစ်ပါကြောင်း၊

နိုင်ငံအနှံ့ကပြည်သူများ၊ ဒေသခံပြည်သူများသည် ရွှေစက်တော်ဘုရားတင်မက အိုးပြင်မဲရွာ၊ အိုင်းမရွာကြားရှိ မန်းချောင်းထဲက တောင်ပြင်ဈေးကိုလည်း ဘုရားဖူးပြည်သူများအားလုံးရောက် အောင် သွားပါကြောင်း၊ ယခုတံတားထိုးရန် တင်ပြတောင်းဆိုသည့်နေရာတွင် ဆည်တော်၊ အိုးပြင်မဲနှင့် အိုင်းမကြားတွင် မန်းချောင်းကို နှစ်စဉ်ဆည်တော်ဘုရားပွဲချိန်တွင် ယာယီတံတား ထိုးရပါကြောင်း၊ မင်းဘူး(စကု) ဒေသခံပြည်သူများသာမက တစ်နိုင်ငံလုံးမှလာသော ဘုရားဖူး ပြည်သူများအတွက် အဓိကလမ်းအဖြစ်အသုံးပြုသော အိုးပြင်မဲနှင့် အိုင်းမရွာကြားရှိ မန်းချောင်း နေရာတွင် တံတားထိုးပေးပါက ဘုရားဖူးပြည်သူများ၊ ဒေသခံပြည်သူများ အားလုံးအဆင်ပြေ မည်ဖြစ်သည့်အတွက် အိုးပြင်မဲရွာနှင့် အိုင်းမရွာကြားရှိ မန်းချောင်းနေရာတွင် ရာသီမရွေးသွားလာ နိုင်သည့် တံတားတည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စကု-အိုင်းမလမ်းမှ အိုင်းမနှင့်  အိုးပြင်မဲရွာကြားရှိ မန်းချောင်းနေရာတွင် တံတားတည်ဆောက်ပေးရန် အစီအစဉ်ရှိ/ မရှိ သိလိုကြောင်း မေးမြန်းပါသည်။