(ဂ)-နိုင်ငံတော်တည်ဆောက်ရေး ရန်ပုံငွေတောင်းခံရာတွင် Feasibility Study Report နှင့်အတူ Design, Drawing, Estimate, B.Q များပါဝင်သည့် စီမံကိန်းအဆိုပြုလွှာဖြင့် ပူးတွဲ တင်ပြတောင်းဆိုခြင်းပြုနိုင်မည့်အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-31

(ဂ)-နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းများအတွက် ရန်ပုံငွေတောင်းခံရာတွင် စီမံကိန်း၏ဖြစ်မြောက် နိုင်စွမ်း လေ့လာဆန်းစစ်ချက်ကို ကြိုတင်ဆောင်ရွက်ထားပြီး ထိုမှရရှိလာသည့် Feasibility Study Report နှင့်အတူ Design, Drawing, Estimate, B.Q များပါဝင်သည့် စီမံကိန်းအဆိုပြုလွှာဖြင့် ပူးတွဲ တင်ပြတောင်းဆိုခြင်းပြုနိုင်မည့်အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

 

ပြည်ထောင်စုတိုင်းနှင့်ဒေသကြီးအစိုးရအဖွဲ့မှ ငွေလုံးငွေရင်းဖြင့် ဆောင်ရွက်သော တည်ဆောက်ရေး လုပ်ငန်းများတွင် ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းသည့်အခါ လုပ်ငန်းတစ်ခုချင်းအလိုက် ပြည့်စုံစွာတင်ပြနိုင်ခြင်း အားနည်းခဲ့ပါကြောင်း၊ တည်ဆောက်မယ့်လုပ်ငန်းအတွက် မည်သည့် အတိုင်းအတာ မည်မျှကုန်ကျမည်လောက်သာ တင်ပြထားကြပြီး တည်ဆောက်မည့် လုပ်ငန်း၏ ဒီဇိုင်းခန့်မှန်းကုန်ကျငွေ အသေးစိတ်တွက်ချက်မှုနှင့် လုပ်ငန်းများ၏B.Qဖြင့်တိကျစွာ တင်ပြထားမှု မတွေ့ရကြောင်း၊ သက်ဆိုင်ရာ ဘတ်ဂျက်စိစစ်ရေး ပူးပေါင်းအဖွဲ့များက ပြည့်စုံစွာ တင်ပြတောင်းခံ ထားခြင်းမရှိသည့် အတွက်အခက်အခဲ ဖြစ်လျက်ရှိနေပါကြောင်း၊ မဖြစ်မနေဘတ်ဂျက် ပေးသော် လည်း ခွင့်ပြုလိုက်သည့်ငွေပမာဏဖြင့် ရအောင် ဆောင်ရွက်ကြရ၍ အဆောက်အဦများ ကျုံ့ခြင်း၊ သေးခြင်း၊ ပုံပြောင်းသွားခြင်း အရည်အသွေးပိုင်းဆိုင်ရာ များ လျော့နည်းသွားခြင်းများ လက်တွေ့ မြေပြင်တွင် ကြုံတွေ့နေကြရပါကြောင်း၊ အမှန်ဖြစ်သင့်သည်မှာ Plan to Budged ဖြစ်ပါကြောင်း၊ ဖြတ်တောက်လိုက်သည့် ငွေပမာဏကိုကြည့်၍ Budged to Plan ဖြစ်သွားသည်ကိုဝမ်းနည်းစွာ ကြုံတွေ့နေရပါကြောင်း၊ သို့ဖြစ်ပါ၍ မေးမြန်းလိုသည်မှာ ရှေ့လာမည့် နိုင်ငံတော်တည်ဆောက်ရေး လုပ်ငန်းများအတွက် ပြည်ထောင်စု၊ ပြည်နယ်၊ တိုင်းဒေသကြီးအသီးသီးမှ ရန်ပုံငွေတောင်းခံရာတွင် စီမံကိန်း၏ဖြစ်မြောက်နိုင်စွမ်း လေ့လာဆန်းစစ် ချက်ဖြစ်သည့် Feasibility Study ကိုကြိုတင် ဆောင်ရွက်ထားပြီးမှ ရရှိလာသည့် Feasibility Study Report နှင့်အတူ Design, Drawing, Estimate, B.Q ပါဝင်သည့် စီမံကိန်းအဆိုပြုလွှာဖြင့် ပူးတွဲ တင်ပြတောင်းဆိုခြင်းပြုနိုင်မည့် အစီအစဉ်ရှိ/မရှိကို သိရှိလို၍မေးမြန်းပါသည်။