(ဆ)-လင်းခေးမြို့နယ် ပြည်သူ့ရဲစခန်း၏ လိုအပ်လျက်ရှိသော အဆင့်မီဝန်ထမ်းအိမ်ရာများကို ဆောက်လုပ်ပေးရန် အစီအစဉ်အား မည်သည့်အချိန်ကာလတွင် ဆောင်ရွက်ပေးမည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-31

 

ရှမ်းပြည်နယ် တောင်ပိုင်း၊ လင်းခေးမြို့နယ် ပြည်သူ့ရဲစခန်းတွင် တာဝန်ထမ်းဆောင်နေကြသည့် ပြည်သူ့ရဲဝန်ထမ်းများ၏ အိမ်ရာအများစုသည် ၁၉၆၀ ခုနှစ်ကျော်ကာလများတွင် တည်ဆောက်ခဲ့ သော သွပ်မိုးပျဉ်ကာအဆောက်အဦများ ဖြစ်ကြပါကြောင်း၊

ရဲအရာရှိတစ်ဦး၏နေအိမ်အဆောက်အအုံများသည် နှစ်ပေါင်းကြာမြင့်ပြီဖြစ်သည့်အတွက် ဆွေးမြေ့ ယိုယွင်းပြီး မည်သို့ပင်ပြုပြင်ထိန်းသိမ်းနေသော်လည်း နေထိုင်ရန်လုံးဝမလုံခြုံတော့သော အခြေအနေ ဖြစ်နေပါကြောင်း၊ ရပ်ရွာလုံခြုံရေးနှင့် အေးချမ်းသာယာရေးအတွက် တာဝန် ထမ်းဆောင်နေကြသော ရဲဝန်ထမ်းများ၏နေထိုင်မှုအဆင်ပြေမှသာ မိမိတို့၏တာဝန်ကိုနောက်ဆံ မတင်းဘဲ ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း၊ ယခုအခါနိုင်ငံတော်မှ ဝန်ထမ်းအိမ်ရာအသစ် တစ်ဆောင်တည်ဆောက်ပေးထားသော်လည်း များစွာလိုအပ်နေသေးပါကြောင်း၊ အဆောက်အဦ များထပ်မံဆောက်လုပ်မည်ဆိုပါက မြေနေရာလည်းရှိပါကြောင်း၊ မိမိတို့လင်းခေးမြို့နယ်ရဲစခန်းတွင် အိမ်ထောင်သည် ရဲဝန်ထမ်းထက်ဝက်ကျော် ပါဝင်ပါကြောင်း၊ တချို့သောရဲဝန်ထမ်းများသည် မြို့တွင်းရပ်ကွက်များတွင် နေထိုင်ရသည့်အတွက် ရဲလုပ်ငန်းလုပ်ဆောင်ရာတွင် မဆီလျော်မှုများ တွေ့နေရပါကြောင်း၊ သို့ဖြစ်ပါ၍ လင်းခေးမြို့နယ်ပြည်သူ့ရဲစခန်း၏ လိုအပ်လျက်ရှိသော အဆင့်မီ ဝန်ထမ်းအိမ်ရာများကို ခေတ်စနစ်နှင့်အညီ ဆောက်လုပ်ပေးရန်အစီအစဉ်ကို မည်သည့် အချိန်ကာလတွင် ဆောင်ရွက်ပေးနိုင်မည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။