(ဂ) -ဖာပွန်မြို့ လျှပ်စစ်ဓာတ်အားသွယ်တန်းနိုင်ရေး ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်း သည့်မေးခွန်း
(ဂ) -ဖာပွန်မြို့ လျှပ်စစ်ဓာတ်အားသွယ်တန်းနိုင်ရေး ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်း သည့်မေးခွန်း
(၁၃)ကြိမ်မြောက် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးတွင်မိမိအနေဖြင့် ၂၀၁၉ ခုနှစ် အောက်တိုဘာလမတိုင်မီ ကမ္ဘာ့ဘဏ်မှ ပညာရေးနိမ့်ကျသော မြို့နယ်များအား ကူညီ ရန် ဒေါ်လာသန်း ၁၀၀ ချေးငှားသည့်နေရာတွင် အာရှဖွံ့ဖြိုးရေးဘဏ်ကမြို့နယ် ၁၀၀ တွင်ဖာပွန် မြို့နယ် ပါရှိပါကြောင်း၊ ထို့ကြောင့် မိမိကလည်း မြို့ကိုပြန်ရောက်သည့်အခါ ရွာလူကြီးများ၊ မြို့မိမြို့ဖများခေါ်၍ ဖာပွန်အတွက်ပညာရေးလိုအပ်ချက်များကို အစိုးရကလုပ်ဆောင် ပေးနေသည် ကို ရှင်းလင်းပြသခဲ့ပါကြောင်း၊ ပြသသည့်အချိန်တွင် ငြိမ်းချမ်းရေးဒေသမှ ပညာရေး တာဝန်ခံ ကလည်း လာသည့်အတွက် နားထောင်၍ မိမိတို့လည်း ကူညီရန်ပန်ကြားသွားပါကြောင်း၊ အစည်း အဝေး များလုပ်လျှင်လည်း ၎င်းတို့ဘားအံတွင်ဖိတ်ရန် ပြောပါသေးကြောင်း၊
ပညာရေးကိုမည်သို့ပင်ဖြစ်စေ ထွန်းကားအောင် လုပ်ရန်အတွက် လျှပ်စစ်ဓာတ်အားရှိရန် လိုပါ ကြောင်း၊ လျှပ်စစ်ဓာတ်အားရှိမှသာ ကွန်ပျူတာ၊ လျှပ်စစ် ပညာ၊ နည်းပညာများ ရှိသလို လုံခြုံရေး အတွက်လည်း တန်ဖိုးရှိမည်ဖြစ်ကြောင်း၊ ထို့ကြောင့် နယ်ပယ်သူ/နယ်ပယ်သားများက ပညာရေး တတ်ရန်သည် ပြင်ပမှယခုခေတ်တွင် လကမ္ဘာ ကိုတက်ရန်အတွက် မြန်မာနိုင်ငံကလည်းပဲ ကြိုးစားနေသည့်အချိန်တွင် မိမိတို့ကလျှပ်စစ် ဓာတ်မီးတော့ရောက်ရန်ကောင်းသည် ဟုမိမိ ထင်ပါကြောင်း၊ ရှေ့ခေတ်က အိုင်းစတိုင်း ပညာရှင်ကြီးသည် ပြေးရင်းလွှားရင်းနှင့် သိပ္ပံပညာ ကိုလေ့လာသည့်အတွက်ကြောင့် ကမ္ဘာတွင် နာမည်ကြီးခဲ့ပါကြောင်း၊ ထို့ကြောင့် ဖွံ့ဖြိုးမှု အားလုံး သည် လျှပ်စစ်မီးပေါ်တွင် တည်ရှိသည့်အတွက်ကြောင့် ပညာရေးနောက်ကျနေသည့် ဖာပွန်မြို့နယ် အား မဟာ ဓာတ်အားလိုင်းသွယ်တန်းပေးရန် အစီအစဉ်ရှိ/မရှိနှင့် မေးမြန်းပါသည်။