(စ)-ကျိုင်းတုံမြို့နယ်၊ ကတ်တောင်ကျေးရွာအုပ်စု၊ ဖိုင်ပါဆန်ဆည် ရေတားဆည်တမံအသစ်တစ်ခုနှင့် ဆည်ရေသွင်းမြောင်းအား ပြန်လည်ပြုပြင်ပေးနိုင်ခြင်းရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-31

ကျိုင်းတုံမြို့နယ်၊ ကတ်တောင် ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ ၁၅ ရွာမှ လယ်မြေဧက ၅၆၀ အတွက် အသုံးပြုလျက်ရှိသည့် ဖိုင်ပါဆန်ဆည် သည် နုန်းမြေများ အနည်ပို့ချပြီး နုန်းများ မြှင့်တက်လာပြီး ဆည်ရေ ခန်းခြောက်လာသည့်အတွက် လယ်ယာလုပ်ကိုင်သူ ရွာသူရွာသားများ အခက်ကြုံနေရကြောင်း တင်ပြလာသဖြင့် သိရှိရပါကြောင်း၊ ထို့ကြောင့် ရေတားဆည်တမံ အသစ်တစ်ခုနှင့် ဆည်ရေသွင်းမြောင်းအား ပြန်လည်ပြုပြင် ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုပါကြောင်း၊

ကျိုင်းတုံမြို့နယ်၊ ကတ်တောင် ကျေးရွာအတွင်းရှိ ရန်းဆော်ရွာ၊ ဝမ်ကန်းရွာ၊ ဝမ်ငန်းရွာ၊ ဝမ်ညီးရွာ၊ ဝမ်ကွမ်းရွာ၊ ကတ်တောင်ရွာ၊ ပင်းတောက်ရွာ၊ ဝမ်ညည်းရွာ၊ နမ့်လိန်းရွာ၊ နမ့်လိန်မိုင်ရွာ၊ နမ့်လိန်းဝရွာ၊ နမ့်လိန်းကော်ရွာ၊ ဝမ်လောင်ရွာ၊ ဝမ်ကိုသစ်ရွာ၊ ဝမ်ကာရွာများမှ ရွာသူ ရွာသားများသည် ဖိုင်ပါဆန် ဆည်ရေကို အသုံးပြုလျက် လယ်ယာလုပ်ကိုင်ခဲ့ သည်မှာ နှစ်ပေါင်း အတော်ကြာခဲ့ပြီး ဖြစ်ပါကြောင်း၊ ယခုအခါ ဖိုင်ပါဆန်ဆည်သည် နုန်းမြေများ အနည်ပို့ချပြီး နုန်းမြေများ မြှင့်တက်လာပြီး ဆည်ရေ ခန်းခြောက်လာသည့်အတွက် ရွာသူရွာသားများ လယ်ယာ လုပ်ကိုင်သည့် ရာသီချိန်တွင် လယ်ယာလုပ်ကိုင်၍ မရတော့ကြောင်း၊ လယ်ယာလုပ်ငန်း မလုပ်ကိုင်နိုင်သည့်အတွက် ထမင်း၊ ဆန်ရေစပါး၊ ကောက်ပဲသီးနှံများ အထွက်နှုန်း ကျဆင်းပြီး ဒုက္ခရောက်နေကြောင်း လယ်မြေဧက ၅၆၀ ၏ ပိုင်ရှင် ၁၄၇ ဦးမှ လက်မှတ်ရေးထိုးလျက် တင်ပြလာသဖြင့် သိရှိရပါကြောင်း၊ ရွာသူရွာသားများ၏ အမည်နှင့် ယှဉ်တွဲ လက်မှတ်ရေးထိုး တင်ပြစာကိုလည်း ပူးတွဲတင်ပြခဲ့ပြီးဖြစ်ပါကြောင်း၊ ထို့ကြောင့် ဖိုင်ပါဆန်ဆည်အား ရေတား ဆည်တမံအသစ်တစ်ခု ပြုလုပ်ပေး၍ ဆည်ရေသွင်းမြောင်း ပြန်လည်ပြုပြင်ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။