(ဂ)-၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏အရ အသုံးခန့်မှန်းခြေငွေစာရင်းများနှင့် စပ်လျဉ်း၍ နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများ၏ OA စာရင်းလက်ကျန် အခြေအနေများ ကို မည်သို့ ရှင်းလင်းဆောင်ရွက်သည်ကို သိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

2020-12-31

(ဂ)-၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏အရ အသုံးခန့်မှန်းခြေငွေစာရင်းများနှင့် စပ်လျဉ်း၍ နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများ၏ OA စာရင်းလက်ကျန် အခြေအနေများ ကို မည်သို့ ရှင်းလင်းဆောင်ရွက်သည်ကို သိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

ပြည်ထောင်စုစာရင်းစစ်ချုပ်၏ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်  ပြည်ထောင်စု၏အရ /အသုံးခန့်မှန်း ခြေငွေစာရင်းများနှင့် စပ်လျဉ်းသည့်စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာတွင်ပါရှိသည့်နိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့အစည်းများ၏အုပ်စုအလိုက်OAလက်ကျန်များအားမည်ကဲ့သို့စာရင်း ရှင်းလင်းထား သည်ကို သိရှိလိုပါကြောင်း၊

၃၁-၃-၂၀၁၈ ရက်နေ့အထိ OA စာရင်းပိတ်လက်ကျန် Credit Balance မှာ ငွေကျပ် ၁၂,၇၇၅.၅၇၅ ဘီလီယံကျန်ရှိကြောင်း တွေ့ရပါကြောင်း၊ OA(Other Accounts)  လက်ကျန်များနှင့်ပတ်သက်ပြီး ၂၉-၇-၂၀၁၉ ရက်နေ့တွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီးမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် Other Accounts အားလုံးပိတ်သိမ်းပြီး SEE Accounts တစ်ခုတည်း ဖြင့်ဆောင်ရွက်မည် ဖြစ်ကြောင်း Other Accounts များသည် ၂၀၁၉-၂၀၂၀ တွင်မရှိတော့ ကြောင်း Other Accounts ကလည်း ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းများအရ ခွဲပြီး လုပ်ထားကြောင်း ဘတ်ဂျက်ထဲတွင်အကုန်ပါဝင်ကြောင်း၊ ၎င်းပိုက်ဆံများသည် ၎င်းစာရင်း အရသာ ဖြစ်ပေါ်နေကာ ငွေသုံးစွဲသည့် နေရာတွင် သုံးစွဲပြီးသားများ အကုန်လုံး ၎င်းဘတ်ဂျက်များထဲတွင် ထည့်သွင်းပြီး သုံးစွဲပြီးသားများပါဟု ပြောကြားခဲ့ပါကြောင်း၊ အထက်ပါဖော်ပြခဲ့သည့်အတိုင်း  စာရင်းစစ်ဆေးပြီး ၃၁-၃-၂၀၁၈ ရက်နေ့ စာရင်းစစ် OA လက်ကျန်ကျပ် ၁၂,၇၇၅.၅၇၅ ဘီလီယံသည် မည်သည့်အချိန်၊ မည်သည့်ခုနှစ်၊ မည်သည့်ငွေစာရင်းခေါင်းစဉ်များသို့ လွှဲပြောင်းကျခံသုံးစွဲထားသည် ကိုသိရှိလိုပါ၍ မေးမြန်းပါသည်။