(က)ကျောက်ဖြူခရိုင်တရားရုံး တရားမကြီးအမှုအမှတ်(၁၁/၂၀၀၅)အမှုတွင် တရားဝင်မြေပုံ အထောက်အထား နှင့် မြေပြင်ရှိ ပကတိ အနေအထားများကိုစစ်ဆေးကြသည့်အခါ မေးခွန်းမေးမြန်းသူ မိမိအား လိုက်ပါခွင့်ပြုပါ မည်လားတို့ကို သိလိုခြင်း နှင့်စပ်လျဉ်းသည့်မေးခွန်း

2020-12-31

 (က)ကျောက်ဖြူခရိုင်တရားရုံး တရားမကြီးအမှုအမှတ်(၁၁/၂၀၀၅)အမှုတွင် သက်သေခံ(ဈ-၁)၌ တင်ပြ ထားသည့် ကျူးကျော်မှုကို တာဝန်ရှိပုဂ္ဂိုလ်များကိုယ်တိုင် ကွင်းဆင်းစစ်ဆေး ပေးကြပါမည်လား၊ တရားဝင်မြေပုံ အထောက်အထား နှင့် မြေပြင်ရှိ ပကတိ အနေအထားများကို တိုက်ဆိုင် စစ်ဆေးပေး ကြပါမည်လားနှင့် ကွင်းဆင်း စစ်ဆေးကြသည့်အခါ မေးခွန်းမေးမြန်းသူ မိမိအား လိုက်ပါခွင့်ပြုပါ မည်လားတို့ကို သိလိုခြင်း နှင့်စပ်လျဉ်းသည့်မေးခွန်း

 

အခင်းဖြစ်မြေသည် ကျောက်ဖြူမြို့ အလယ်ပိုင်းရပ်ကွက်တွင် ရှိပါကြောင်း၊ ဦးပိုင်အမှတ် ၁၁၇၊ ဦးပိုင်အမှတ် ၁၁၈၊ ဦးပိုင်အမှတ် ၁၁၉ ဟူ၍ မြေကွက်သုံးကွက်သည် ဖြတ်လမ်း သုံး နှင့် ဗိုလ်ချုပ်လမ်းထောင်တွင် ရှိပါကြောင်း၊ ကျူးကျော်သည် ဆိုသည့် ဦးသန်းမြင့် မြေသည် ဘယ်ဘက်၊ ကျူးကျော်ခံရသည်က ညာဘက်မှ ဦးမျိုးသိန်းမြေဖြစ်ပါကြောင်း၊

ကျောက်ဖြူခရိုင်တရားရုံး တရားမကြီးအမှုအမှတ်(၁၁/၂၀၀၅)တွင် စွဲဆိုခဲ့သည့် အမှုတွင် တရားလို ဦးမျိုးသိန်းမှ တရားပြိုင် ဦးသန်းမြင့်ကို တရားစွဲသည့်အခါ မြေပုံ အထောက်အထားများ မပါပါကြောင်း၊ မပါသည့်အတွက် ခရိုင်တရားသူကြီးမှ မြေစာရင်း တိုင်းခိုင်းကြောင်း၊ မြို့နယ် မြေစာရင်းဦးစီးမှူးအား မြေတိုင်းခိုင်းသည့်အချိန်တွ၍် ဦးပိုင်အမှတ် ၁၁၇(ဃ) မြေကွက်ထဲသို့ ကျူးကျော်ထားကြောင်း သက်သေခံ(ဈ-၁)မြေပုံကို ရေးဆွဲကြောင်း၊ ၎င်းမြေပုံအတိုင်း ဒီကရီချပေး လိုက်ပါကြောင်း၊  ချပေးလိုက်၍ မြေပြင်တွင် တွေ့ရမည်ဆိုလျှင် ညာဘက်အပေါ်ပိုင်းတွင် ကျူးကျော် ထားကြောင်း၊ သို့သော် ၁၄-၅-၂၀၁၇ ရက်နေ့ ဒီဂရီကို အတည်ပြုသည့်အခါ ညာဘက်အောက်တွင် ဖော်ပြထားသည့်အတိုင်း ဦးသန်းမြင့်၏ မြေကို ကျူးကျော်ပြီး ဦးသန်းမြင့် အိမ်ကို ဖြို။ ဦးသန်းမြင့်မှ မြေကိုလုပြီး ၎င်းကို အတည်ပြုသည့် တရားရုံး ဝန်ထမ်းများ၊ မြေစာရင်းဌာနမှ ဝန်ထမ်းများ၊ ထွေ/အုပ်မှ ဝန်ထမ်းများ၊ ရဲဝန်ထမ်းများမှ စသည်ဖြင့် ဌာနဆိုင်ရာများ ပါပြီး လုပ်ထားကြောင်း၊ ထို့ကြောင့် ယခုအမှု ပေါ်လာရခြင်း ဖြစ်ကြောင်း၊ ဦးပိုင်အမှတ် ၁၁၇(ဃ)မြေသည် ၁၁၈ မြေထက်ကို မြေပြင်တွင် ကျူးကျော်နေပါကြောင်း၊ ဦးပိုင်အမှတ် ၁၁၇ နှင့် ၁၁၈ အပြာလိုင်း ပေ ၁၃၀ ခန့် ရှိသည့် တရားဝင် စာချုပ်တွင် မျဉ်းသည် တဖြောင့်တည်း။ တရားမဝင် မြေပြင်တွင် ကျူးကျော်ထားသည်မှာ တရားရုံး အရှိန်အဝါကို သုံးထားကြောင်း၊ ထို့ကြောင့် မိမိမှ ကွင်းဆင်းကြည့်ပါ။ ကွင်းဆင်းကြည့်သည့်အချိန်တွင် မိမိကိုလည်း ခေါ်ပါ။ ထိုကဲ့သို့ မေးခွန်းမျိုး ဖြစ်ပါကြောင်း၊ ၎င်းကို မိမိတို့သည် လူ့အခွင့်အရေး ရှုထောင့်၊ တရားမျှတမှု ရှုထောင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် ပြဋ္ဌာန်းထားသည့် ပြဋ္ဌာန်းချက်များ နှင့် ၎င်းတို့အားလုံးကို ခြုံငုံပြီး အဆုံးအဖြတ် ပေးနိုင်စေရန် မေးခွန်းကို တင်သွင်းခဲ့ခြင်း ဖြစ်ပါကြောင်း၊