(ခ)-လေရှီးမြို့နယ်၊ အောင်ဇေယျကျေးရွာ၊ အေးချမ်းဖြိုးကျေးရွာ၊ ကူကီးစံပြကျေးရွာ၊ မြေနီကုန်းကျေးရွာ နှင့် လှန်လိုင်လှ ကျေးရွာတို့အား ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် သောက်သုံးရေ သွယ်တန်း ဖြန့်ဖြူးပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-31

 

မိမိ၏ မဲဆန္ဒနယ်မြေတွင် ရှိသည့် မေးခွန်းတွင် ဖော်ပြထားသည့် ကျေးရွာများသည် သောက်သုံးရေ အခက်အခဲ ဖြစ်နေပါကြောင်း၊ တချို့ကျေးရွာများသည် ရေရရှိသော်လည်း ရေကောင်း ရေသန့် မရပါကြောင်း၊ အေးချမ်းဖြိုး ကျေးရွာတွင် ထုံးဓာတ် များသည့်အတွက် ကျန်းမာရေးနှင့် မကိုက်ညီကြောင်း၊ ထို့ကြောင့် ‌ရေကောင်းရေသန့် ရနိုင်သည့် ငါးမိုင်ခန့် ကွာဝေးသည့်နေရာမှသွယ်ပေးနိုင်မှ အဆင်ပြေမည် ဖြစ်ပါကြောင်း၊

ထို့အတူ ကူကီးစံပြ ကျေးရွာသည် နွားနောက်စားကျက်ကို ဖြတ်ပြီး သွယ်ထားသည့်အတွက် BPC ပိုက်ဖြစ်သည့် အတွက် ကျွဲ၊ နွားများ နင်းခွဲပြီးသည့်အတွက် ‌ရေပုံမှန် မရနိုင်ပါကြောင်း၊ ရေရသည့်အချိန်တွင် ရေကောင်းရေသန့် မရဖြစ်နေကြောင်း၊ ထို့ကြောင့် သံပိုက်ဖြင့် သွယ်ပေးမှ အဆင်ပြေမည့် အနေအထားဖြစ်သည်ကို တွေ့ရပါကြောင်း၊

အောင်ဇေယျကျေးရွာနှင့် မြေနီကုန်းကျေးရွာတိုသည် ရေလုံလောက်မှု မရှိသည့် အတွက် ကျေးရွာသို့ ရောက်ရှိစေရန် ရေသွယ် ပေးရန် လိုအပ်နေခြင်း ဖြစ်ပါကြောင်း၊ လှန်လိုင်လှ ကျေးရွာသည် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဦးစီးဌာနမှ ၂၀၁၄-၂၀၁၅ ခုနှစ်တွင် ဆောင်ရွက်ပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ ထို့ကြောင့် ကျေးရွာတွင် ရေမရောက်ပါကြောင်း၊ မြေပြင်အခြေအနေကို သေချာ စိစစ်ပြီး တွက်ချက်မှု အားနည်းခြင်းကြောင့်ဟု မိမိအနေဖြင့် မြင်ပါကြောင်း၊ ကြီးကြပ်မှု မရှိသည့်အတွက် ဖြစ်ရသည်ကို မိမိတို့ သိရပါကြောင်း၊ ထို့ကြောင့် လေရှီးမြို့နယ်၊ အောင်ဇေယျကျေးရွာ၊ အေးချမ်းဖြိုးကျေးရွာ၊ ကူကီးစံပြကျေးရွာ၊ မြေနီကုန်း ကျေးရွာနှင့် လှန်လိုင်လှ ကျေးရွာ တို့ကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် သောက်သုံးရေ သွယ်တန်း ဖြန့်ဖြူးပေးရန် အစီအစဉ်ရှိ/ မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။