(ဂ)-တောင်ကုတ်မြို့နယ်၊ ကျော်ကိုင်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းတွင် လိုအပ်လျက် ရှိသော ကျောင်းဆောင်သစ် အား ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
တောင်ကုတ်မြို့နယ်၊ ကျော်ကိုင်း ကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းတွင် လိုအပ် လျက်ရှိသည့် ကျောင်းဆောင်သစ် အား ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးမြန်းသွားမည် ဖြစ်ပါကြောင်း၊
ကျော်ကိုင်းကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းတွင် ပင်မကျောင်းဖြစ်သည့် လမူးမော် ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းနှင့် သုံးမိုင်ခန့်နီးပါး ဝေးကွာပြီး ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် အလယ်တန်းကျောင်းအဖြစ် ကျောင်းအဆင့်တိုး မြှင့်ခံခဲ့ရပြီး ကျောင်းသား ကျောင်းသူ ဦးရေ ၃၂၉ ဦး ပညာသင်ကြားလျက် ရှိနေပါကြောင်း၊ လက်ရှိ ပညာသင်ကြားနေသည့် ကျောင်းဆောင်များသည် (၁၂၀ x ၅၀ ပေ) RC တစ်ထပ် ကျောင်းဆောင်တွင်(၆၀ x ၂၄ ပေ) ရှိသည့် သစ်သားဆောင် အပါအဝင် စုစုပေါင်း စာသင်ဆောင် နှစ်ဆောင် ရှိပါကြောင်း၊ ၎င်းစာသင်ဆောင် နှစ်ဆောင်ရှိ သစ်သား ဆောင်သည် ဆွေးမြည့်ဟောင်းနွမ်း ပျက်စီးနေသည့်အပြင် စာသင်ဆောင်နှင့် ကျောင်းသား ဝင်ဆံ့မှု မရှိသည့်အတွက် ပညာ သင်ကြား ရေးတွင် အဆင်ပြေ ချောမွေ့မှုမရှိသည့် အပြင် အခက်အခဲ ဖြစ်နေပါကြောင်း၊ ထို့ပြင် RC တစ်ထပ်ဆောင်တွင် ရုံးခန်းတစ်ခန်းပါ ထည့်သွင်း ဖွင့်ထားခြင်းဖြစ်သည့်အတွက် စာသင်ပြသည့် အချိန်တွင် တင်းတင်းကြပ်ကြပ်ဖြင့် သင်ကြား နေရ ခြင်းဖြစ်ပါကြောင်း၊
ထို့ကြောင့် ပညာသင်ကြားရာတွင် အဆင်ပြေ ချောမွေ့စွာ သင်ကြားနိုင်ရန်အတွက် ဟောင်းနွမ်း ဆွေးမြည့်နေသည့် သစ်သား ဆောင်ကို မဖြစ်မနေ အသစ်ဆောက်လုပ်ရန် လိုအပ်လျက် ရှိနေ ပါကြောင်း၊ ၎င်းသစ်သားဆောင်သည် ၁၉၈၄၊ ၁၉၈၅ ခုနှစ်ခန့်တွင် ကျေးရွာသူ ကျေးရွာသား များက ကိုယ်ထူကိုယ်ထ ဆောက်လုပ်ခဲ့ကြခြင်း ဖြစ်ပါကြောင်း၊ လက်ရှိတွင် ၎င်းကျောင်းဆောင် သည် နှစ်ပေါင်း ၃၀ ကျော် နေပြီ ဖြစ်ပါကြောင်း၊ အကာအရံများ၊ အခင်းများ၊ တိုင်များမှ စတင်ပြီး ခြစားပြီး ဟောင်းနွမ်း ဆွေးမြည့်နေပြီး ဖြစ်ပါကြောင်း၊ ၎င်းကျေးရွာကို ရောက်သည့်အ ချိန်များတွင် ပညာရေးကို အင်မတန် အလေး ထားကြသည့် ကျေးရွာသူ ကျေးရွာသားများသည် ၎င်းကျောင်းကြီး နှင့် ပတ်သက်ပြီး အမြဲတမ်း တောင်းဆိုလျက် ရှိကြပါကြောင်း၊ မိမိအနေဖြင့် မကြာခဏ ၎င်းရွာကို ရောက်သည် ဖြစ်သည့်အတွက် အမှန်တကယ် ကျောင်းသည် အသစ်ဆောက်လုပ်ရန် လိုအပ်နေခြင်း ဖြစ်ပါကြောင်း၊ ကျောင်း၏ အခြေအနေကို ပိုမိုထင်သာမြင်သာ ရှိနိုင်စေရန်အတွက် တင်ပြသွားမည် ဖြစ်ကြောင်း၊
ကျောင်းဆောင်ဟောင်းသည် ၂၄ ပေဖြစ်ကြောင်း၊ ကျောင်းဆောင်ဟောင်း၏ အရှေ့ဘက်နှင့် ဘေးဘက်၊ ကျောင်း၏ တံစက် မြိတ်များ၊ အမိုးအကာများ ပျက်စီးနေကြောင်း၊ မိမိတို့ကျောင်းကို အပြင်ပန်းက ကြည့်မည်ဆိုပါက ကျောင်းသည် တကယ် ကောင်းသည်ဟု ထင်ရသော်လည်း ဝင်ကြည့်လိုက်သည့်အချိန်တွင် အောက်ဘက်တွင် တိုင်များကို ရွာသူရွာသားများက နှစ်တိုင်း ထောင့်ထောက်ထား ရကြောင်း၊ တိုင်များကို ခြစားနခြင်း ဖြစ်ပါကြောင်း၊ အမိုးအကာ ပျက်စီး နေကြောင်း၊ ကျောင်း၏ ဘေးအကာ အရံများ ကျိုးပေါက်ပျက်စီးနေကြောင်း၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ခဲ့သည့် လက်ရှိကျောင်းဆောင် RC တစ်ထပ်ဆောင်နှင့် ကျောင်းဆောင်ဟောင်း တို့ဖြစ်ကြောင်း၊ ကျောင်းဆောင်သစ် ရရှိပါက ဆောက်လုပ်မည့် မြေနေရာကို ဘတ်ဖိုး နှင့် ညှိနေကြောင်း၊
ထို့ပြင်၎င်းကျောင်း အနီးအနားတွင် ရှိသည့် ကျေးရွာမျာမှ မှီခိုအားထားပြီး ပညာသင်ကြား နေရခြင်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် ကလေးများ ပညာ သင်ကြားရေးအတွက် မဖြစ်မနေ လိုအပ်နေ သည် ဖြစ်သည့်အတွက် ၎င်းလိုအပ်န်သည့် ကျောင်းဆောင်သစ်ကို ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ ဒေသခံပြည်သူများ ကိုယ်စား မေးမြန်းပါသည်။