(ဂ)-ဝိုင်းမော်မြို့နယ်တွင် ဧရာဝတီမြစ်ရေကြီးလာခြင်းကြောင့် ရေကျော်သောလမ်းမကြီးများ နှင့် တံတားတို့ကိုရေမကျော်အောင် ပြန်လည်ပြုပြင်တည်ဆောက်ပေးရန် အစီအစဉ်ရှိ၊မရှိ နှင့် စပ်လျဉ်း သည့်မေးခွန်း
2020-12-31
ရေကြီးခြင်းအားဖြင့် မိမိတို့မြို့နယ်တစ်မြို့နယ်လုံး၊ ကျေးရွာတစ်ခုလုံးရေမြုပ်သွားခြင်းမရှိပါ ကြောင်း၊ သို့သော် ကျေးရွာများကိုဆက်သွယ်ပေးသည့်လမ်းများ ကသာလျှင် ရေမြုပ်သွားခြင်းဖြစ်ပါ ကြောင်း၊ ယခုရေမြုပ်သွားသည့် အခါမိမိတို့ကျောင်းသူ/ကျောင်းသားများ၊ ဆရာ/ဆရာမ များ တစ်ရွာနှင့်တစ်ရွာသွားလာဆက်သွယ်ရန် ကုန်ထုတ်လမ်းများကအစ ရေမြုပ်သွားသည့်အခါ တရုတ်ပြည်နှင့် ဆက်သွယ်ပြီးသွားသည့် ကုန်တင်ကားများ ကအစသွား၍မရဘဲ လမ်းဘေးတွင် ရပ်တန့်ခဲ့ရသည့်အချိန်များ လေးငါးရက်ခန့်ကြာပါကြောင်း၊ ထို့ကြောင့်ကျေးရွာချင်းဆက်လမ်း များဖြစ်သည့် မြို့နယ်ချင်းဆက်လမ်းများဖြစ်သည့်လမ်းများကို ဖြတ်သန်းသွားလာရန် ပြတ် တောက် မှုမရှိအောင် မြေသားလမ်းဖို့ပေးရန်နှင့် မိမိတင်ပြခဲ့သည့် တံတားကိုလည်း မြင့်ပေးပြီး ပြန်လည် ပြုပြင် တည်ဆောက်ပေးရန်အတွက် အစီအစဉ်ရှိ/မရှိကို သိလိုကြောင်း မေးမြန်းပါသည်။