(ဃ)တန့်ယန်းမြို့နယ်၊ မန်ကတ်ကျေးရွာအုပ်စု၊ မန်ကောင်းရွာအနီး နမ့်မိုက်ဆည်ကို RC ကွန်ကရစ်ဖြင့် အပြီးသတ်တည်ဆောက်ရန် စီစဉ်ဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-31

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့ မန်ကတ်ကျေးရွာ အုပ်စု၊ မန်‌ကောင်းကျေးရွာအနီး နမ့်မိုက်ချောင်းပေါ်တွင် တောင်သူများမှ ကိုယ်ထူကိုယ်ထနှစ်စဉ် ဆောက်လုပ်လာခဲ့သည့် လယ်ရေသွင်း ဆည် တစ်ခုရှိပါကြောင်း၊ ၎င်းဆည်သည် အလျားပေ ၂၀ x အမြင့် ၁၀ ပေ အရှေ့ဘက်ဘေးနံရံ ၆၀ ပေ၊ အနောက်ဘက်ဘေးနံရံ ၇၀ ပေခန့်ရှိပြီး ဒေသထွက် သစ်၊ ဝါးများ အသုံးပြု တည်ဆောက်ထားရသဖြင့် နှစ်စဉ်ပြန်လည် ပြုပြင်တည်ဆောက် ရပြီး မိုးများ ရေကြီးသည့် နှစ်များတွင် နှစ်ကြိမ် ပြန်လည်ပြုပြင်တည်ဆောက်ရခြင်းများ ရှိခဲ့ပါကြောင်း၊ ၎င်းဆည်သည် လယ်ဧက ၁၀၀ ကျော် ရေရရှိရေးအတွက် အားထားနေရသဖြင့် ကွန်ကရစ်ဆည်အဖြစ် တည်ဆောက်လိုသည့်အတွက် ကျေးရွာလယ်သမားများက တင်ပြလာပါကြောင်း၊ သို့ဖြစ်၍ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ တန်ယန်းမြို့နယ်၊ မန်ကတ်ကျေးရွာအုပ်စု၊ မန်ကောင်း ကျေးရွာအနီး နမ့်မိုက်ချောင်းပေါ်တွင် လယ်ရေသွင်း ဆည်ကို သံကူကွန်ကရစ်ဆည်အဖြစ် တည်ဆောက်နိုင်ရန် ရန်ပုံငွေ လျာထားဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိနှင့် မရှိပါက မည်သို့စီစဉ် ဆောင်ရွက်ပေးမည်ကို သိလိုကြောင်းမေးမြန်းပါသည်။