(ဆ)ပခုက္ကူမြို့နယ်၊ ဦးပိုင်တောင်သူ ၁၅ ဦး၏ မြေဧရိယာ အား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ မူလတောင်သူများအား ပြန်လည်စွန့်လွှတ်၍နစ်နာသော မူလတောင်သူများအား တရားသဖြင့် ပြန်လည်စွန့်လွှတ်ရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း
(ဆ)ပခုက္ကူမြို့နယ်၊ ချောက်ကန်ကျေးရွာအုပ်စု၊ ကွင်းအမှတ်(၃၄၄)၊ မကျီးသမျှားတောင်၊ ဦးပိုင် တောင်သူ ၁၅ ဦး၏ မြေဧရိယာ ၃၈.၆၄ အား မကွေး တိုင်းဒေသကြီးအစိုးရအဖွဲ့မှ မူလတောင်သူ များအား ပြန်လည်စွန့်လွှတ်၍ ယာယီစိုက်ပျိုးလုပ်ကိုင်ခွင့် ပုံစံ(၃)ထုတ်ပေးနိုင်ရေး ဆောင်ရွက် နေစဉ် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု ပြန်လည်စိစစ်ရေးမူဝါဒအတိုင်း နစ်နာသော မူလတောင်သူများအား တရားသဖြင့် ပြန်လည်စွန့်လွှတ်ရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း
သိမ်းဆည်းခံ လယ်ယာမြေများနှင့်ပတ်သက်ပြီး မေးမြန်းမည် ဖြစ်ပါကြောင်း၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ချောက်ကန်ကျေးရွာအုပ်စု၊ ကွင်းအမှတ်(၃၄၄)၊ မကျီးသမျှားတောင်၊ ဦးပိုင်တောင်သူ ၁၅ ဦး၏ မြေဧရိယာ ၃၈.၆၄ ဧကကို ၁၉၉၁ ခုနှစ် အမှတ်(၁၀၁) ခြေမြန်တပ်မ ဌာနချုပ်မှ တပ်ရင်းတပ်ဖွဲ့ တိုးချဲ့ရန် ဆိုပြီး သိမ်းဆည်းခဲ့ပါကြောင်း၊ နှစ်ပေါင်း ၂၀ ကျော်၊ ၂၈ နှစ်ခန့် ရှိပြီးဖြစ်ကြောင်း၊ ထို့ကြောင့် သိမ်းဆည်းစဉ်က တပ်ရင်းတပ်ဖွဲ့များအတွက် သိမ်းခဲ့ကြောင်း၊ စီမံကိန်းများလည်း ဆောင်ရွက်ပါကြောင်း၊ မိမိတင်ပြသည့် မြေဧရိယာ ၃၈.၆၄ ဧကသည် ရထားလမ်း၊ ကားလမ်းများနှင့် ကြားထဲတွင် ခံထားပါကြောင်း၊ သိမ်းဆည်းခံမြေများနှင့် တစ်ဆက်တစ်စပ်တည်း မရှိတော့ကြောင်း၊ ထို့ကြောင့် တောင်သူများ တင်ပြလာသည့်အတွက် ဆွေးနွေးရခြင်း ဖြစ်ပါကြောင်း၊
စွန့်လွှတ်မြေများကို နိုင်ငံတော်သို့ အပ်နှံခြင်းဖြစ်ပါကြောင်း၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ၃၈.၆၄ ဧကအား တိုင်းဒေသကြီးအစိုးရသို့ စွန့်လွတ်မည် စာအမှတ်၊ ၇/၅၀၀ ဖြင့် ၁-၁၁-၂၀၁၇ ခုနှစ်တွင် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံမှု ဗဟိုကော်မတီကို တင်ပြခဲ့ခြင်းဖြစ်ပါကြောင်း၊ စွန့်လွှတ်ခဲ့သည့် မြေများကို ပခုက္ကူခရိုင် အထွေအထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် တပ်မပုဂ္ဂိုလ်များက ပြန်လည်အပ်နှံခြင်း ဖြစ်ပါကြောင်း၊ အပ်နှံပြီးသည့်အချိန်တွင် နိုင်ငံတော်မြေအဖြစ်ဖြင့် State Land အဖြစ် ကြေညာချက် ဖြစ်ပါကြောင်း၊ တပ်မှ သိမ်းဆည်းထားသည့် မြေဖြစ်ပါကြောင်း၊ ၎င်းဖြစ်စဉ်တွင် တိုင်းဒေသကြီးအစိုးရမှ ညွှန်ကြားသည့်အတွက် အခင်းဖြစ်နေသည့် ဖြစ်စဉ်ကို ညှိနှိုင်းဆောင်ရွက်ပေးရန် ညွှန်ကြားခဲ့ကြောင်း၊ ကာကွယ်ရေး ဝန်ကြီးဌာနမှ သိမ်းဆည်းထားသည့် မြေများ စွန့်လွှတ်ပြီးမှ ၎င်းမြေထဲတွင် အဆောက်အဦများ ဝင်ဆောက်ထားခြင်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်ကို ကာကွယ်ရေးဝန်ကြီးဌာနမှ သိမ်းဆည်းထားသည့် မြေများကို ပြန်အပ်သည့်အချိန်တွင် ပြန်လည်အပ်နှံထားသည့် ၃၈.၆၄ ဧကအတွင်းတွင် အဖွဲ့အစည်းတစ်ခုမှ အဆောက်အဦများ ဝင်ဆောက်ထားခြင်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် အပ်နှံထားသည့် မြေများတွင် နှစ်ပေါင်း ၂၈ နှစ် ကျော်ကျော် တောင်သူများသည် မိမိမြေကို မရရှိခဲ့ကြောင်း၊ ထို့ကြောင့် တောင်သူများမှ ၎င်းအပ်နှံထားသည့် မြေများကို၊ စွန့်လွှတ်ထားသည့် မြေများကို မူလပိုင်ရှင်သို့ ပြန်လည် ရရှိရန် တင်ပြလာသည့်အတွက် မေးမြန်းပါသည်။