(ခ)-ရွှေလင်ဗန်းစက်မှုဇုန် ကနောင်မင်းသားကြီးလမ်းရှိ မိုးလုံလေလုံအားကစားခန်းမအား အများပြည်သူ အသုံးပြုနိုင်ရန် အတွက် စီစဉ်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့်စပ်လျဉ်းသည့်မေးခွန်း

2020-12-31

ရန်ကုန် တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန် ကနောင်မင်းသားကြီး လမ်းရှိ မိုးလုံလေလုံ ကနောင် အားကစားခန်းမအား အများပြည်သူ အသုံးပြုနိုင်ရန်အတွက် စီစဉ် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိကို မေးမြန်းသွားမည် ဖြစ်ကြောင်း၊ လှိုင်သာယာမြို့နယ်တွင် လူဦးရေ ၁၀ သိန်းကျော် နေထိုင်ပြီး လူနေထူထပ်သည့် မြို့တစ်မြို့ ဖြစ်ကြောင်း၊ မြို့နေ ပြည်သူများ၊ ကျောင်းသား ကျောင်းသူများ၊ ကာယဉာဏ လုပ်သားများ၊ နိုင်ငံ့ဝန်ထမ်းများ၊ စက်မှုဇုန် လုပ်သားများအတွက် ပညာပေး သင်တန်းများ၊ ဟောပြောပွဲ၊ အလုပ်ရုံ ဆွေးနွေးပွဲ၊ အားကစား ပြိုင်ပွဲများ ကျင်းပပြုလုပ်နိုင်ရန်အတွက် မိုးလုံလေလုံခန်းမ အမှန်တကယ် လိုအပ်လျက်ရှိပါကြောင်း၊

ရွှေလင်ဗန်း စက်မှုဇုန် ကနောင်မင်းသားကြီးလမ်းနှင့် ယောအတွင်းဝန် ဦးဖိုးလှိုင် လမ်းထောင့်ရှိ မိုးလုံလေလုံ ကနောင် အားကစားခန်းမကို ဆောက်လုပ်ရေး ဝန်ကြီးဌာနက စီမံထိန်းသိမ်း ဆောင်ရွက်လျက် ရှိပါကြောင်း၊ မိုးလုံလေလုံ ကနောင်ခန်းမ သည် လွန်စွာမှ ပျက်စီးယိုယွင်း နေပြီ ဖြစ်ပါကြောင်း၊

မိုးလုံလေလုံ ကနောင် အားကစားခန်းမကြီးကို ပြန်လည်ပြုပြင် မွမ်းမံပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးပြီး အများပြည်သူ ဘက်စုံသုံး အားကစား အသုံးပြုနိုင်ရန်အတွက် မည်သည့် အချိန်ကာလတွင် စီစဉ်ဆောင်ရွက်ပေးမည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။