(ဃ)-အခြေခံပညာအလယ်တန်း သို့မဟုတ် အထက်တန်းတွင် ဒီမိုကရေစီစနစ်နှင့် လွှတ်တော်အခန်း ကဏ္ဍတို့အား သင်ရိုးညွှန်းတမ်းတွင်ပြဋ္ဌာန်း၍ သင်ကြားသွားရန် မည်ကဲ့သို့ စီမံဆောင်ရွက်သွားမည် ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
(ဃ)-အခြေခံပညာအလယ်တန်း သို့မဟုတ် အထက်တန်းတွင် ဒီမိုကရေစီစနစ်နှင့် လွှတ်တော်အခန်း ကဏ္ဍတို့အား သင်ရိုးညွှန်းတမ်းတွင်ပြဋ္ဌာန်း၍ သင်ကြားသွားရန် မည်ကဲ့သို့ စီမံဆောင်ရွက်သွားမည် ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို လွယ်ကူချောမွေ့စွာ အသွင်ကူးပြောင်းနိုင်ရန် အဓိကအခြေခံ အုတ်မြစ်သည် ပညာရေးစနစ်ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံ၏ ရာခိုင်နှုန်းတော်တော်များများသည် လွှတ်တော်၏ အခန်းကဏ္ဍကို သိရှိမှုအားနည်းနေပြီး လွှတ်တော်ကိုယ်စားလှယ်များ၏ တာဝန် ဝတ္တရားများကိုလည်း သိရှိမှုအားနည်းသည်ကို သုံးသပ်တွေ့ရှိရပါကြောင်း၊ ဒီမိုကရေစီစနစ်နှင့် လွှတ်တော်၏အခန်းကဏ္ဍတို့အား သိရှိနိုင်မှုအားနည်းနေခြင်းသည် မြန်မာနိုင်ငံ၏ လက်ရှိ လွှတ်တော်၏ အခြေအနေနှင့် အခြေခံဥပဒေစိတ်ဝင်စားမှုများ၊ သုံးသပ်မှုများအားနည်းနေ သည်ကိုလည်း သုံးသပ်တွေ့ရှိရပါကြောင်း၊ မိမိတို့နိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို အောင်မြင်စေရန်၊ မြန်မာနိုင်ငံ၏ ဒီမိုကရေစီထွန်းကားလာ စေရေးနှင့် ဒီမိုကရေစီအမြစ်တွယ် စေရန်၊ လွှတ်တော်၏ အခန်းကဏ္ဍကိုလည်း လူထုကြားတွင် ရင်းနှီးကျွမ်းဝင်စေပြီးမှ လွှတ်တော်၏ အခန်းကဏ္ဍ အားကောင်းစေရန်၊ မျိုးဆက်သစ်လူငယ်များအနေဖြင့် လွှတ်တော်အခန်းကဏ္ဍကို ရိုးရှင်းစွာသိရှိစေရန်အတွက် နိုင်ငံတော်၏ အားကိုးအားထားပြုရသည့် မျိုးဆက်သစ်လူငယ်များ ပေါ်ပေါက်လာစေရန်၊ စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်ဆောက်နိုင်ရေး အတွက် စစ်မှန်သည့် ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံသူ၊ နိုင်ငံသားများ၏ အကျိုးကိုကြည့်ပြီး အကျိုးဖြစ်ထွန်းစေမည့် အခြေခံဥပဒေ ပေါ်ပေါက်လာစေရန်၊ ရည်ရွယ်ပါတယ်။ အချုပ်အခြာ အာဏာ သုံးရပ်လုံးကို ပြည်သူကနေ ရာနှုန်းပြည့် ၁၀၀ ရာခိုင်နှုန်း ဆင်းသက်စေရန်ဖြစ်ပါကြောင်း၊ ဒီမိုကရေစီစနစ်၏ အလေးနက်ဆုံးအနှစ်သာရသည် နိုင်ငံတော်၏ အချုပ် အခြာအာဏာကို နိုင်ငံသားတစ်ရပ်လုံးက စုပေါင်းပိုင်ဆိုင်ပြီး နိုင်ငံသားများက စုပေါင်းကာကွယ်ခွင့်၊ တာဝန်ယူခွင့် အပြည့်အဝရရှိနိုင်မည့် အခြေခံဥပဒေတွင် ပြဋ္ဌာန်းထားပါကြောင်း၊ ထို့ကြောင့် မိမိ၏ လေ့လာ တွေ့ရှိချက်များကို သင်ရိုးညွှန်းတမ်းတွင် ပြဋ္ဌာန်း၍ သင်ကြားသွားပါက နိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို အောင်မြင်ချောမွေ့စေမည်ဖြစ်ပါကြောင်း၊ အခြေခံပညာ အလယ်တန်း သို့မဟုတ် အထက်တန်းတွင် ဒီမိုကရေစီစနစ်နှင့် လွှတ်တော်အခန်း ကဏ္ဍတို့အား သင်ရိုးညွှန်းတမ်း တွင်ပြဋ္ဌာန်း၍ သင်ကြားသွားရန် မည်ကဲ့သို့ စီမံဆောင်ရွက်သွားမည် ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။