(စ)-International Foundation For Electoral Systems(IFES)မှ ထောက်ပံ့မည့် ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများတွင် မည်သည့် Soft Ware မှ ပါဝင်ခြင်းမရှိဘဲ သာမန်ကွန်ပျူတာဖြစ်သည်ကို အာမခံချက်ပေးနိုင်ခြင်းရှိ/မရှိိ သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-31

 

International Foundation For Electoral Systems (IFES)မှ ထောက်ပံ့မည့် ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများတွင် မည်သည့် Soft Ware မှ ပါဝင်ခြင်းမရှိဘဲ သာမန်ကွန်ပျူတာဖြစ်သည်ကို အာမခံချက်ပေးနိုင်ခြင်းရှိ/မရှိိ သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

International Foundation For Electoral Systems မှ ထောက်ပံ့မည့် ကွန်ပျူတာနှင့် ဆက်စပ် ပစ္စည်းများတွင် မည်သည့် Spyware၊ Troller Software Trojan အပါအဝင် Window Software ပါဝင်ခြင်းမရှိဘဲ သာမန်ကွန်ပျူတာ ဖြစ်သည်ကို အာမခံချက်ပေးနိုင်ခြင်းရှိ/မရှိ မေးမြန်းလိုပါ ကြောင်း၊ မေးခွန်းကို မိမိ၏ကိုယ်ပိုင်ရပ်တည်ချက်အရ မေးမြန်းရခြင်းဖြစ်ပြီး ပါတီနှင့့်လည်း သက်ဆိုင်ခြင်းမရှိပါကြောင်း၊ USDP အပါအဝင် ပါတီ ၂၀ ၏ရပ်တည်ချက်က IFES တင်ဒါခေါ်ရာတွင် သမ္မတရုံး၏ညွှန်ကြားချက် (၁/၂၀၁၇)ကို လိုက်နာခြင်းမရှိဘူးဟု ရပ်တည်ထားပြီး မိမိက‌၎င်းကို သဘောမတူပါကြေကာင်း၊ IFES သည် INGO အဖွဲ့အစည်းဖြစ်ပြီး မိမိတို့နိုင်ငံအစိုးရ၏ တင်ဒါဆိုင်ရာ ညွှန်ကြားချက်ကို လိုက်နာစရာမလိုဘူးဟု ရပ်တည်ပါကြောင်း၊ ထို့ကြောင့် IFES ကိုတင်ဒါပြန် ခေါ်ရန် မြန်မာ့သတင်းစာတွင် တင်ဒါကြော်ငြာထည့်ရန် စသည်အားဖြင့် မိမိမပြောလိုပါကြောင်း၊ သို့သော် IFES သည် တကယ်တမ်း Credible ဖြစ်သော အဖွဲ့အစည်းဆိုပါက တင်ဒါသည် ပွင့်လင်းမြင်သာရန်ကောင်းပါကြောင်း၊

၎င်းတို့၏တင်ဒါကိုကြည့်လိုက်သည်နှင့် အဆိုပါအဖွဲ့အစည်းကို လူအများစုက နှာခေါင်းရှုံ့သွားပါ ကြောင်း၊ အဘယ့်ကြောင့်ဆိုသော် ၎င်းတင်ဒါရစေလိုသူအတွက် အချိန်ကန့်သတ်ပြီး ရည်သန် လုပ်ဆောင်နေသည်မှာ သိသာထင်ရှားနေသောကြောင့် ဖြစ်ပါကြောင်း၊ ပိုဆိုးသည်မှာ IFES သည် မိမိသဘောအလျောက် တင်ဒါခေါ်ခြင်းသည် မှန်ကန်သည့်လုပ်ငန်းစဉ်အတွက် ယုံကြည်ပါက နိုင်ငံရေးပါတီ ၂၀ က ကြေညာချက်ထုတ်ပြီး ကန့်ကွက်သည်ကို ဘာမှသတိပြုစရာမလိုပါကြောင်း၊ သို့သော်လည်း ၎င်းတို့က ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်နေ့သတင်းစာတွင် တင်ဒါအတွက် ဈေးနှုန်းအဆိုပြုလွှာတင်သွင်းရမည့်ရက်ကို မူလ အောက်တိုဘာလ ၁၈ ရက်နေ့အစား နိုဝင်ဘာလ ၁၉ ရက်နေ့အထိ တစ်လတိုးမြှင့်ပေးခဲ့သည့်ကိစ္စ ဖြစ်ပါကြောင်း၊ ၎င်းတို့သည် ရပ်တည်ချက် ခိုင်မာပြီး Credible ဖြစ်သော အဖွဲ့အစည်းဟုတ်/မဟုတ် သုံးသပ်နိုင်ပြီ ဖြစ်ပါကြောင်း၊ UEC သည် မိမိတို့နိုင်ငံ၏ ငါးနှစ်တာအနာဂတ်ကို အဆုံးအဖြတ်ပေးမည့် ရွေးကောက်ပွဲကြီးတစ်ခုကို ကြီးကြပ် ဆောင်ရွက်နေရသော ဒိုင်လူကြီးဖြစ်ပါကြောင်း၊ ဒိုင်လူကြီးနေရာတွင်ရပ်တည်သည့်အဖွဲ့အစည်း သည် ဒိုင်လူကြီးအင်္ဂါရပ်များကို ကိုက်ညီရန်လိုသလို ဆက်သွယ်ဆက်ဆံသည့်သူများသည်လည်း ကောင်းသတင်းရှိသည်များဖြစ်သင့်ပါကြောင်း၊ မကောင်းသတင်းရှိသောအဖွဲ့အစည်းနှင့် ဆက်သွယ် ဆက်ဆံပါက မိမိ၏ဂုဏ်သိက္ခာကိုပါ ထိပါးစေသည်ကို သတိပြုစေလိုပါကြောင်း၊ ၂၀၁၇ ခုနှစ်က ကင်ညှာနိုင်ငံရွေးကောက်ပွဲတွင် IFES ၏ ကွန်ပျူတာနည်းပညာကို အသုံးပြုပြီး ရွေးကောက်ပွဲ ရလဒ်ကို ထိခိုက်အောင်လုပ်ဆောင်ခဲ့သည်ကို နိုဝင်ဘာလ ၁၄ ရက်နေ့က လုပ်ခဲ့သော နိုင်ငံရေး ပါတီများတွေ့ဆုံပွဲတွင် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက သိပါသည်ဟုဝန်ခံပြီး သိလျက်နှင့် အဆိုပါအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ခြင်းသည် ရွေးကောက်ပွဲကော်မရှင်အပေါ် ယုံကြည်စိတ်ချရမှုကို ယုတ်လျော့စေပါကြောင်း၊ လမ်းစဉ်ပါတီအစိုးရခေတ်က ခေတ်စားသောအသုံးအနှုန်းတစ်ခု ရှိပါ ကြောင်း၊ နှောင်ကြိုးမဲ့အကူအညီဖြစ်ပါကြောင်း၊ ၎င်းနှောင်ကြိုးများရှိပါက ထိုခေတ်က လက်မခံပါ ကြောင်း၊ ယခု IFES ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများရယူခြင်းသည် မည်သည့်နှောင်ကြိုး‌ များရှိနေပြီလဲဆိုသည်ကို ပြည်သူများနှင့်အတူ မိမိတို့က သိချင်နေပါကြောင်း၊ မိမိ၏ မူလ မေးခွန်းတွင်ပါသလို ကွန်ပျူတာတွင် Spy Ware များပါရှိပါက ရွေးကောက်ပွဲနှင့်ပတ်သက်သမျှ Data များ၊ Information များအားလုံးက မလိုလားအပ်သည့်နေရာကို အချိန်တိုအတွင်း ရောက်ရှိ သွားမည် ဖြစ်ပါကြောင်း၊ ကွန်ပျူတာပဲ၊ Printer ပဲ၊ ရိုးရိုးပဲ မည်သည့် Spy Ware မှျမပါဘူး ဆိုသော်လည်း ထိုကဲ့သို့လှူခဲ့သည့် Relation နှင့်အတူ ရွေးကောက်ပွဲကို အသိပညာပေးသလိုလိုနှင့် ဝင်ရောက်စွက်ဖက်လိုသလိုခြယ်လှယ်သည်ကို မိမိတို့ခံရမည်လား၊ ဥပမာ တရားသူကြီးတစ်ယောက် ကို နှစ်ဖက်တရားပြိုင်မဟုတ်သော ကြားလူတစ်ယောက်က ထိုက်သင့်သလို လှူဒါန်းပြီး ကြားလူ နိုင်စေလိုသည့်ဘက်ကို မျက်နှာသာပေး၊ အခွင့်အရေးပေးအောင် တရားသူကြီးကို Leading ဆိုပါက တရားမျှတသည့်တရားစီရင်မှုရရှိမည်ဟု မျှော်လင့်ကြပါသလား၊ မိမိက ဘယ်သောအခါမျှ မမျှော် လင့်ပါကြောင်း၊ IFES သည် လှူဒါန်းမှုကိုအကြောင်းပြုပြီး‌ ရွေးကောက်ပွဲ Process တွင် Technical Assistance ပေးနေဦးမည်ဆိုပါက တရားမျှတသော ရွေးကောက်ပွဲဖြစ်မည်ဟု UEC က မည်သို့ပင် အာမခံစေကာမူ မိမိအပါအဝင် ပြည်သူများ၏သံသယကို မခြေဖြတ်နိုင်ပါကြောင်း၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှ တရားမျှတသောရွေးကောက်ပွဲဖြစ်မည်ဆိုသောစကားက INGO များအနေဖြင့် ၎င်းတို့ပါဝင်ခွင့်ရရန် ကိရိယာတစ်ခုအနေဖြင့် သုံးသောလက်သုံးစကားဖြစ်ပါ ကြောင်း၊ ထိုင်းနိုင်ငံသည် ဒီမိုကရေစီနိုင်ငံဖြစ်ပြီး ရွေးကောက်ပွဲတွင် INGO ၏ စွက်ဖက်မှုကို လုံးဝလက်မခံခဲ့ပါကြောင်း၊

မည်သည့် INGO ၏အကူအညီကိုမှျမယူဘဲ ရွေးကောက်ပွဲတစ်ခုကို မိမိတို့၏ရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် အောင်မြင်စွာဆောင်ရွက်နိုင်လိမ့်မည်ဟု ယုံကြည်သည့်အတွက် IFES လှူဒါန်း မှုကို Spyware မပါဘဲ လက်ခံသည်ဆိုဦးတော့ IFES သည် UEC နှင့် ဝေးဝေးနေပါ၊ UEC ရုံးများထဲတွင် နယ်ကရုံးများပါအပါအဝင် IFES ကလူများ ဝင်/ထွက်နေကြမည်ဆိုပါက အလှူကို ဗန်းပြပြီး ရွေးကောက်ပွဲကို ဝင်ရောက်စွက်ဖက်ခံနေရပြီဟု မိမိတို့က သုံးသပ်ရမည်ဖြစ်ပါကြောင်း၊ ဖြစ်နိုင်ပါက နိုင်ငံတော်က ဘတ်ဂျက်ကိုတောင်းပါ၊ အလှူငွေနှင့်ပစ္စည်းဗန်းပြပြီး စွက်ဖက်သည်ကို လက်မခံပါကြောင်း၊ ဘတ်ဂျက်မရပါက သတင်းစာများမှတစ်ဆင့်အလှူခံပါ၊ မိမိတို့ဝိုင်းပြီး ပြည့်မီ အောင် လှူဒါန်းမည် ဖြစ်ပါကြောင်း၊ INGO များ၊ အစိုးရအဖွဲ့အစည်းများအပါအဝင် မည်သူ့ဖိအား များ၊ နှောင်ကြိုးများမျှ မရှိဘဲ လွတ်လပ်သော UEC ကသာလျှင် တရားမျှတသောရွေးကောက်ပွဲကို ကျင်းပပေးနိုင်မည်ဖြစ်ပါကြောင်း လှူဒါန်းသည်ကို လက်မခံသင့်ပါကြောင်းနှင့် မည်သို့တား၍မျှ မရဘဲ လက်ခံရန် ကတိကဝတ်များဖြစ်ခဲ့ပြီးပြီဆိုပါကလည်း Window Software ကတောင်မှ မတင်ရသေးသော ကွန်ပျူတာရိုးရိုး၊ Printer ရိုးရိုးပဲလက်ခံပြီး IFES ၏မည်သည့်စွက်ဖက်မှုမျိုးကိုမှ လက်ခံသင့်မှာမဟုတ်သည်ကို အာမခံချက်ပေးနိုင်ခြင်းရှိ/မရှိ မေးမြန်းပါသည်။