(စ)-သံတောင်မြို့ ပြည်သူ့ဆေးရုံမှ ဓာတ်မှန်စက်နှင့်အခြားစက်ပစ္စည်းများ အသုံးပြုနိုင်ရန် ၁၁/၀.၄ ကေဗွီ၊ ၁၀၀ ကေဗွီ X’mer ထရန်စဖော်မာတစ်လုံးတပ်ဆင်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
သံတောင်မြို့ ပြည်သူ့ဆေးရုံကြီးတွင် အသုံးပြုမည့် ဓာတ်မှန်စက်နှင့် အခြားဆေးရုံသုံးစက်ပစ္စည်းများမှာ သတ်မှတ်ဗို့အားပြည့်ဝစွာအသုံးပြုရန်လိုအပ်ပါကြောင်း၊ သို့သော် လက်ရှိလျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ သံတောင်မြို့ ရပ်ကွက်(၂)ရှိ ၁၁/၀.၄ ကေဗီ၊ ၂၀၀ ကေဗွီအေဓာတ်ခွဲရုံမှ ဓာတ်အားရယူမည့် ပြည်သူ့ဆေးရုံ၏ အကွာအဝေးသည် ပေ ၃၀၀၀ ခန့်ကွာဝေးပြီး လိုင်းကြိုးများမှာလည်း HDBC No.8၊ 10 ဖြင့် ဆွဲပြီး တည်ဆောက်ထားခြင်းကြောင့် သံတောင်မြို့ ပြည်သူ့ဆေးရုံကြီးတွင် ဓာတ်မှန်စက်နှင့် အခြားဆေးရုံသုံး ပစ္စည်းများအသုံးပြုပါက ဗို့အားအပြည့်အဝမရရှိပါကြောင်း၊ ထို့သို့ဗို့အားအပြည့်အဝမရရှိပါက စက်ပစ္စည်းများ ပျက်စီးဆုံးရှုံးသွားမည် ဖြစ်ပါကြောင်း၊ ဆေးရုံးဝင်းအတွင်း နေ့ဝန်အားတိုင်းတာချက်အရ ၁၈၀ ဗို့ဖြစ်ပြီး ညဝန်အားတိုင်းတာချက်အရ ၁၇၀ ဗို့သာရှိခြင်းကြောင့် ပြည်သူ့ဆေးရုံတွင် စက်ပစ္စည်းများ၊ Voltage ဓာတ်အားပြည့်ဝစွာအသုံးပြုနိုင်ရန် ၁၁/၀.၄ ကေဗွီ၊ ၁၀၀ ကေဗွီ ထရန်စဖော်မာတစ်လုံး တပ်ဆင်အသုံးပြုခြင်းဖြင့် လျှပ်စစ်ဓာတ်အားပြည့်ဝစွာအသုံးပြုနိုင်မည်ဖြစ်ကြောင်းကို သံတောင်မြို့ EPC ၏ တွက်ချက်မှုအရ သိရှိရပါ ကြောင်း၊ ထို့ကြောင့် သံတောင်မြို့ ပြည်သူ့ဆေးရုံမှ ဓာတ်မှန်စက်နှင့် အခြားစက်ပစ္စည်းများအသုံးပြုရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ၁၁/၀.၄ ကေဗွီ၊ ၁၀၀ ကေဗွီထရန်စဖော်မာ တစ်လုံးတပ်ဆင် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ၊ ရှိပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုပါ ကြောင်း မေးမြန်းပါသည်။