(ဃ)-လဲချားမြို့နယ်၊ လွိုင်လင်-ပန်ကေတု-သီပေါလမ်းပေါ်ရှိ ဟိုနားတံတားအား နှစ်လမ်းသွား RC ကွန်ကရစ်တံတားအဖြစ် အဆင့်မြှင့် တင်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
(ဃ)-လဲချားမြို့နယ်၊ လွိုင်လင်-ပန်ကေတု-သီပေါလမ်းပေါ်ရှိ မိုင်တိုင်အမှတ် ၄၈.၅ ကီလိုမီတာ နှင့် ၄၉ ကီလိုမီတာအကြားရှိ နမ့်တောင်းတံတားနှင့် မိုင်တိုင်အမှတ် ၅၇ ကီလိုမီတာ နှင့် ၅၇.၇ ကီလိုမီတာကြားရှိ ဟိုနားတံတားအား နှစ်လမ်းသွား RC ကွန်ကရစ်တံတားအဖြစ် အဆင့်မြှင့် တင်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်-ပန်းကေတု-သီပေါလမ်းသည်အာဆီယံအဝေးပြေးလမ်းမကြီး အဖြစ် နိုင်ငံတော်အစိုးရမှ သတ်မှတ်ထားသောလမ်း ဖြစ်ပါကြောင်း၊ အစိုးရအဆက်ဆက်တိုးချဲ့ ပြုပြင်လာခဲ့သောကြောင့် ယခုအခါတွင်ထိုက်သင့်သလောက် ကောင်းမွန်သော လမ်းဖြစ်လာပါ ကြောင်း၊ ယခင်က ပင်လုံ-လွိုင်လင်-တောင်ကြီးကို တစ်နေကုန် မောင်းနှင်ရပြီး ညမိုးချုပ်မှသာ ရောက်ရှိပါကြောင်း၊ ယခုအခါ မောင်းနှင်ချိန်ငါးနာရီ ဝန်းကျင်ခန့်ဖြင့် လွယ်ကူစွာသွားလာ နိုင်သည်အထိ ဖွံ့ဖြိုးတိုးတက်ခဲ့ပါကြောင်း၊ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်လာခြင်း၊ ကုန်စည် စီးဆင်းမှုများပြားလာခြင်းတို့ကြောင့် ၁၀ ဘီးကားများ၊ ၁၂ ဘီးကားများ၊ တွဲကားများသည် အဆက်မပြတ်သွားလာနေကြပါကြောင်း၊ အဆိုပါ လွိုင်လင်-ပန်ကေတု-သီပေါလမ်းအား ယာဉ် အသွားအလာ တစ်နေ့တခြားပိုမိုများပြားလာခဲ့ပါကြောင်း၊ သို့သော်လည်း အဆိုပါလမ်း ပေါ်တွင် မိုင်တိုင်အမှတ် ၄၈.၅ ကီလိုမီတာနှင့် ၄၉ ကီလိုမီတာအကြား နမ့်တောင်းတံတားနှင့် မိုင်တိုင်အမှတ် ၅၇ ကီလိုမီတာနှင့် ၅၇.၅ ကီလိုမီတာကြားရှိ ဟိုနားတံတားမှာကျဉ်းမြောင်းပြီးကားငယ်ပင်လျှင် နှစ်စီးမရှောင်သာဖြစ်နေပါကြောင်း၊ တံတား ကျဉ်းမြောင်းခြင်း၊ သက်တမ်းကြာမြင့်ခြင်းတို့ကြောင့် လက်ရှိသွားလာနေသော ကုန်တင်ကားများ အဆင်မပြေတော့ဘဲ အန္တရာယ်ရှိသည့် အနေအထားကိုရောက်ရှိနေပါကြောင်း၊ ထို့ကြောင့် အဆိုပါ တံတားအား ပေ ၃၀ အကျယ် RC ကွန်ကရစ် တံတားအသစ်အဖြစ် အဆင့်တိုးမြှင့်ပေးမည်ဆိုပါက ခရီးသွားပြည်သူများ ခရီးသွားလာ မည်ဆိုပါက လုံခြုံသက်သာပြီးသွားလာရလွယ်ကူမှာ ဖြစ်ပါကြောင်း၊
ဒေသအခေါ် နမ့်တောင်းတံတားသည် ၁၉၃၄ ခုနှစ်ကတည်းက ဆောက်ခဲ့သည့်တံတားဟု ထင်ရပါကြောင်း၊ သို့ဖြစ်၍ မိဘပြည်သူများကိုယ်စား မေးမြန်းလိုသည်မှာ လဲချား-လွိုင်လင်-ပန်ကေတု-သီပေါလမ်းပေါ်ရှိ မိုင်တိုင်အမှတ် ၄၈.၅ ကီလိုမီတာ နှင့် ၄၉ ကီလိုမီတာအကြား နမ့်တောင်းတံတားနှင့် မိုင်တိုင်အမှတ် ၅၇ ကီလိုမီတာနှင့် ၅၇.၅ ကီလိုမီတာ အကြား ဟိုနားတံတားတို့အား RC တံတားအဖြစ်အဆင့်မြှင့်တင်ပေးရန် အစီအစဉ် ရှိ/မရှိနှင့်ရှိပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် တည်ဆောက်ပေးမည်ကိုသိလိုပါ၍မေးမြန်းပါသည်။