(ဆ)-ပူတာအိုမြို့နယ်တွင် ကျန်ရှိနေသော မုဒုံ(၁)-ပမ္မတီး-ညဲဆာလာဒီ-နမ်ရှယ်ကော့ သဲကျောက်လမ်းအား ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ကွန်ကရစ်လမ်းအဖြစ် အဆင့်တိုးမြှင့်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျည်းသည့်မေးခွန်း
သတ်မှတ် အဆင့်(A)လမ်းဖြစ်သော လေယာဉ်ကွင်း-လယ်မယ်ဝါဂျီ- ပူးတောင်း-မုဒုံ(၁) ကွန်ကရစ်လမ်း အဆင့်မှ မုဒုံ(၁)ပမ္မတီး-ညဲဆာလာဒီ-နမ်ရှယ်ကော့ ကျောက်လမ်းအား ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ကွန်ကရစ်လမ်းအဆင့် တိုးမြှင့်ပေးရန် အစီအစဉ် ရှိ/မရှိ မေးမြန်းသွားမည် ဖြစ်ပါကြောင်း၊ မိမိ၏ မဲဆန္ဒနယ်တွင် မြို့ပတ်လမ်းဖြစ်သော ပူးတောင်းအုပ်စု၊ ပမ္မတီးအုပ်စု၊ နမ်ရှယ်ကော့ အုပ်စု ရှေ့ဆက်လမ်းဖြစ်သော လေယာဉ်ကွင်း-လယ်မယ်ဝါဂျီ- ပူးတောင်း-မုဒုံ(၁) အထိ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ပြည်နယ် ရန်ပုံငွေအဖြစ် ၃ မိုင် ၄ ဖာလုံကို ကွန်ကရစ်လမ်း အဆင့်တိုးမြှင့် ဆောင်ရွက်ပေးခဲ့သည့်အတွက် ဒေသခံ မိဘပြည်သူများ အစိုးရအား အလွန် ကျေးဇူးတင်ရှိသည်ကို တင်ပြလာပါကြောင်း၊ ၎င်းလမ်းပိုင်းတွင် ဆက်လက်ခင်းရန် ကျန်ရှိနေသော မုဒုံ(၁) ပမ္မတီး-ညဲဆာလာဒီ-နမ်ရှယ်ကော့ လမ်းသည် ကျောက်ခင်းလမ်း ဖြစ်ပါကြောင်း၊ ၎င်းလမ်းပိုင်းတွင် အခြေခံပညာ အထက်တန်း ကျောင်းခွဲ တစ်ကျောင်း၊ အလယ်တန်း ကျောင်းခွဲ တစ်ကျောင်း၊ မူလတန်းကျောင်း ၁၄ ကျောင်း ကျေးလက် ကျန်းမာရေးဌာနခွဲ လေးခု ရှိပါကြောင်း၊ ကျောင်းသား ကျောင်းသူများ ကျန်းမာရေး ဝန်ထမ်းများနှင့် ဒေသခံလူဦးရေ ၉,၅၃၀ ဦးကျော် အတွက် အကျိုးပြုနိုင်မည် ဖြစ်သည့်အတွက် မိမိတင်ပြသည့် လမ်းကို ဆောက်လုပ်ပေး နိုင်မည် ဆိုပါက တည်ဆောက်ပေးမည်ဆိုပါက ဒေသခံပြည်သူများ၏ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးများ ပြောင်းလဲတိုးတက်နိုင်မည် ဖြစ်ပါကြောင်း၊
၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် ပြည်နယ် ရန်ပုံငွေဖြင့် ကွန်ကရစ် လမ်းခင်းပေးထားသည့် အဆုံးနှင့် ဆက်လက်ခင်းရမည့် အစပိုင်းနေရာ၊ ကွန်ကရစ်လမ်း ခင်းရမည့် လမ်း၏ အမာခံကျောက်လမ်းကို တင်ပြရခြင်းဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ မိမိ၏ မဲဆန္ဒနယ်တွင် မိဘပြည်သူများမှ ကွန်ကရစ် လမ်းခင်းပေးရန် တင်ပြတောင်းဆိုလာသော မုဒုံ(၁) ပမ္မတီး-ညဲဆာလာဒီ-နမ်ရှယ်ကော့အုပ်စု ကျေးရွာချင်းဆက် ကျောက်လမ်းအား ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ကွန်ကရစ်လမ်းအဖြစ် အဆင့်တိုးမြှင့် ဆောင်ရွက်ပေးရန် မဲဆန္ဒရှင်ပြည်သူများ၏ ကိုယ်စား မေးမြန်းပါသည်။