(င)-ကြို့ပင်ကောက်မြို့နယ်၊ ဂုမ္မကွင်းအုပ်စု၊ ကြို့ကုန်းကျေးရွာ၊ အနောက်ဂုမ္မကွင်းကျေးရွာ တောင်သူ လယ်သမားများ၏ လယ်များမှကောက်ပဲသီးနှံများ ကျေးရွာအရောက်သယ်ယူရန် မြို့လယ် ချောင်းကူးတံတား(ကုန်ထုတ်တံတား) တည်ဆောက်ပေးရန်အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

2021-01-01

 
ကြို့ပင်ကောက်မြို့နယ်ရှိ ဂုမ္မကွင်းအုပ်စု၊ ကြို့ကုန်းကျေးရွာအနီးတွင် မြို့လယ် ချောင်းကူးတံတား (ကုန်ထုတ်တံတား) တစ်စင်း တည်ဆောက်ပေးရန် မေးမြန်းသွားမည်ဖြစ်ပါကြောင်း၊ ဒေသ တောင်သူများ၏ လယ်ယာမြေများဖြစ်သည့် ကွင်းအမှတ်(၅၄၇/၅၄၈)တွင် ရှိသည့်လယ်ယာမြေများ သည် မြို့လယ်ချောင်း၏တစ်ဖက်ကမ်းတွင် တည်ရှိနေခြင်းဖြစ်ပါကြောင်း၊ ချောင်းရေကုန်ချိန်ကို စောင့်ဆိုင်းပြီး သီးနှံများသယ်ယူရသောကြောင့် သီးနှံပျက်စီးခြင်းနှင့် သယ်ယူစရိတ်စကများ ဈေး မြင့်မားခြင်းတို့မှာ နှစ်စဉ် ကြုံတွေ့နေရခြင်းဖြစ်ပါကြောင်း၊ လယ်ယာသုံးကိရိယာများဖြစ်သည့် လယ်လုပ်စက်များကို နှစ်စဉ်လယ်ကွင်းထဲတွင် မိုးထဲလေထဲ ပစ်ထားခဲ့ရခြင်းဖြစ်သည့်အတွက် အခက်အခဲများစွာ ကြုံတွေ့နေရပါကြောင်း၊ ထို့ကြောင့် လွှတ်တော်ကိုယ်စားလှယ်ကြီးနှင့် မြို့နယ် စီမံရေးဆွဲအကောင်အထည်ဖော်ရေးအဖွဲ့တို့ ဒေသပြည်သူများနှင့် တွေ့ဆုံသည့်အခါ ထိုဒေသတစ်ခု လုံးတွင်ရှိသည့် ပြည်သူများသည် ၎င်းကုန်ထုတ်တံတားတစ်ခုကို ဦးစားပေးပြီးတင်ပြ တောင်းဆို လာကြခြင်းဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ကြို့ကုန်းကျေးရွာအနီးတွင်ရှိသည့် မြို့လယ် ချောင်းကူး တံတား (ကုန်ထုတ်တံတား)အား တည်ဆောက်ပေးပါရန် အစီအစဉ်ရှိ/မရှိ မေးမြန်းပါသည်။