(ဆ)-မိုးကောင်းမြို့နယ်၊ နမ္မတီးမြို့မြေပုံအား မည်သည့်အချိန်တွင် အတည်ပြုထုတ်ပေးနိုင်မည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

2021-01-01


နမ္မတီးမြို့မြေပုံ အတည်ပြုထုတ်ပေးနိုင်ရေးနှင့် ပတ်သက်သည့်မေးခွန်းကို မေးမြန်းသွားမည်ဖြစ်ပါ ကြောင်း၊ အိမ်ခြေ ၂၈၀၀ ကျော်၊ လူဦးရေ ၁၇၀၀၀ ခန့်ရှိသည့် နမ္မတီးကျေးရွာကို ရပ်ကွက်လေးခု ပါသည့်မြို့အဖြစ် ၂၀၁၅ ခုနှစ်တွင် ပြင်ဆင်ဖွဲ့စည်းသတ်မှတ်ပေးခဲ့ပါကြောင်း၊ မြို့အဖြစ် သတ်မှတ် ပေးခဲ့သော်လည်း မြို့ဧရိယာထဲတွင် ရှိသည့်မြေအများစုသည် စိုက်ပျိုးမြေ၊ လယ်မြေများ ဖြစ်နေ သည့်အတွက် ဖွံ့ဖြိုးရေးစီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်သည့်အခါ၌ အခက်အခဲရှိခဲ့ ပါကြောင်း၊ ထို့အတွက်ကြောင့် ၂၀၁၇ ခုနှစ်မှစပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပြည်နယ်အစိုးရ အဖွဲ့ကို အဆင့်ဆင့်တင်ပြပြီး မြို့မြေအဖြစ် တိုင်းတာသတ်မှတ်ပေးရန် အဆင့်ဆင့် ကြိုးပမ်းဆောင် ရွက်ခဲ့ကြပါကြောင်း၊ ၂၀၁၈ ခုနှစ်တွင် ပြည်နယ်အစိုးရအဖွဲ့၏ မြို့မြေတိုင်းတာနိုင်ရေးအတွက် ခွင့်ပြု ရန်ပုံငွေ ရရှိခဲ့ပါကြောင်း၊ ၂၆-၁၂-၂၀၁၈ ရက်နေ့တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန အမိန့်ကြော်ငြာစာနှင့် Boundary Officer ၊ Demarcation Officer များ ခန့်အပ်တာဝန် ပေးပြီး မြို့မြေတိုင်းတာရေးကို ဆက်လက်ဆောင်ရွက်စေခဲ့ပါကြောင်း၊ ၂၆-၁-၂၀၁၉ ရက်နေ့တွင် မြို့ဖွံ့ဖြိုးရေးကော်မတီ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများ၊ လူမှုရေးအသင်းအဖွဲ့များကို ဖိတ်ကြားပြီး နမ္မတီးမြို့ မြေတိုင်းတာရေးစီမံချက်ကို ရှင်းလင်းပွဲလုပ်ခဲ့ပါကြောင်း၊ စီမံချက်ရှင်းလင်း ပွဲအရ တိုင်းတာရေးအဖွဲ့နှစ်ဖွဲ့နှင့် နှစ်လအတွင်း အပြီးတိုင်းတာရန် လျာထားသတ်မှတ်ခဲ့ပါကြောင်း၊ သို့သော် ဌာနဆိုင်ရာပုံစံ(၇) စီမံချက်များ၊ အရေးပေါ်လုပ်ငန်း တာဝန်များကြောင့် တိုင်းတာရေးအဖွဲ့ (၄)ဦး၊ (၅)ဦးသာ လက်တွေ့ကွင်းဆင်းနိုင်ခဲ့ကြောင်း၊ တိုင်းတာရေးစက်ကိရိယာများ မကောင်းသည့် အတွက် လုပ်ငန်းများကို မကြာခဏရပ်ခဲ့ရပါကြောင်း၊ ထို့အတွက်ကြောင့် မြို့မြေတိုင်းတာရေး လုပ်ငန်းသည် ၁၀-၂-၂၀၁၉ ရက်နေ့မှစခဲ့ပြီး ၂၃-၈-၂၀၁၉ ရက်နေ့အထိ (၇)လနီးပါးခန့်ကြာအောင် တိုင်းတာခဲ့ရခြင်းဖြစ်ပါကြောင်း၊ တိုင်းတာရေး စက်ကိရိယာအခက်အခဲနှင့် မြို့မြေတိုင်းတာရေး ရန်ပုံငွေထုတ်ယူရရှိရေးအခက်အခဲကို တင်ပြရာတွင် အမြန်ဆုံးကူညီဆောင်ရွက်ပေးသည့် ပြည်ထောင်စု ဒုတိယဝန်ကြီးကို ကျေးဇူးတင်ကြောင်းကို ပြောကြားလိုပါကြောင်း၊ ခက်ခဲရှုပ်ထွေး လှသည့် တစ်အိမ်ချင်း ကွင်းဆင်းတိုင်းတာသည့် လုပ်ငန်းကို ရှိသည့်လူအင်အားလေးနှင့် မဖြစ်မနေ ကြိုးစားဆောင်ရွက်ပေးကြသည့် မြို့မြေတိုင်းတာရေးအဖွဲ့‌ဝင်များကို အထူးပင် ကျေးဇူးတင်ကြောင်း ကို ပြောကြားလိုပါကြောင်း၊ နမ္မတီးမြို့သည် ကျေးရွာမှမြို့အဖြစ် သတ်မှတ်ခံခဲ့ရပြီးသည့်နောက် မြို့ဖွံ့ဖြိုးရေးလုပ်ငန်းအတွက် စီမံကိန်းများ ရေးဆွဲသည့်နေရာတွင် မြေပိုင်ဆိုင်မှုအထောက်အထား သည် အလွန်အရေးကြီးပါကြောင်း၊ မြို့မြေမတိုင်းတာခင်က မြို့မြေတိုင်းမည်ဖြစ်သည့်အတွက် ဂရန်ပါထုတ်ပေးနိုင်မည်ဖြစ်ပြီး စီမံကိန်းများ ဆောင်ရွက်သည့်အခါမှ ပိုပြီးလွယ်ကူလာမည်ဟု ဆွေးနွေးခဲ့ကြပါကြောင်း၊ မြို့မြေတိုင်းပြီးသော်လည်း မြို့မြေပုံအတည်ပြုထွက်နိုင်မှသာ ဂရန် ထုတ်ပေးနိုင်မည်ဟုဆိုပြီး ထပ်စောင့်ခဲ့ရပါကြောင်း၊ ထို့ကြောင့် ၂၀၁၇ ခုနှစ်ကတည်းက အားထုတ် ကြိုးပမ်းခဲ့ရသည့် မြို့မြေတိုင်းတာရေး၊ မြို့မြေပုံ ထွက်ရှိရန် လေးနှစ်ကြာလာပြီ ဖြစ်သည့်အတွက် ဖွံ့ဖြိုးရေးစီမံကိန်း အကောင်အထည်ဖော်ရာတွင်  အခက်အခဲများ ကြုံတွေ့နေရပါကြောင်း၊ မြို့သူ၊ မြို့သားများ၏ပိုင်ဆိုင်မှုအနက် စီးပွားရေးအခွင့်အလမ်းများအတွက် မြို့ပြဖွံ့ဖြိုးရေးစီမံကိန်း(Town Plan)များ ရေးဆွဲရန်အတွက် မရှိမဖြစ်လိုအပ်နေသည့် နမ္မတီးမြို့မြေပုံကို မည်သည့်အချိန်ကာလ တွင် အတည်ပြုသတ်မှတ် ထုတ်ပြန်ပေးနိုင်မည်ကိုသိရှိလိုကြောင်း မေးမြန်းပါသည်။