(ဂ)-ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် မြေလွတ်၊ မြေလပ်များရှိနေသော်လည်း အလုပ်သမားညွှန်ကြားမှု ဦးစီးဌာနရုံး မရှိသေးသည်ကိုတွေ့ရပါသဖြင့် ရုံးတစ်ရုံးအမြန်ဆုံးချထားပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

2021-01-01


ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်သည် အိမ်ခြေပေါင်း ၄၄၀၀၆ ရှိပြီး၊ အိမ် ထောင်စုပေါင်း ၅၀၆၉၇ ရှိကြောင်းဟု သိရှိရပါကြောင်း၊ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလစာရင်းအရ မြို့ နယ်အတွင်း ၁၈ နှစ်အောက် ကျား၂၅၄၈၂ ဦး၊ မ ၂၄၂၈၉ ဦး၊ စုစုပေါင်း ၅၀၃၁၁ ဦး ရှိပြီး ၁၈နှစ် အထက် ကျား ၇၁၂၁၉ ဦး၊ မ ၇၉၆၄၉ ဦး၊ စုစုပေါင်း ၁၅၀၈၆၈ ဦးရှိရာ ၁၈ နှစ်အထက် လူငယ် လူရွယ်များသည် ကျား၊ မ တစ်သိန်းနီးပါးရှိသည်ကို တွေ့ရှိရပါကြောင်း၊ ၎င်းအပြင် ကျူးကျော်ရပ် ကွက်(၂)ရပ်ကွက် အပါအဝင် ကျူးကျော်နေထိုင်သူဦးရေ တစ်သိန်းနီးပါးရှိနေကြောင်း တွေ့ရှိရပါ ကြောင်း၊ သို့ဖြစ်ပါ၍ မြို့နယ်အတွင်း လူဦးရေစုစုပေါင်း နှစ်သိန်းခွဲခန့် နေထိုင်သောမြို့နယ် ဖြစ် ပါကြောင်း၊ မိမိတို့မြို့နယ်အတွင်း၌ စက်မှုဇုန်ကြီး (၂)ခု၊ ငါးပိငါးခြောက်ဇုန် (၂)ခု၊ အနံ့ဇုန် အပါအဝင် လူသုံးကုန်ပစ္စည်းလုပ်ငန်း၊ သစ်အချောကိုင်လုပ်ငန်း၊ အထည်ချုပ်လုပ်ငန်းများ၊ စားသောက်ကုန် လုပ်ငန်း၊ သိုလှောင်ရုံလုပ်ငန်း၊ ရေထွက်ပစ္စည်းနှင့် အအေးခန်းလုပ်ငန်း၊ စက္ကူနှင့် စာရေးကိရိယာ လုပ်ငန်း၊ စက်နှင့်စက်ကိရိယာလုပ်ငန်း၊ ဓာတုဗေဒလုပ်ငန်းဆိုသည့်လုပ်ငန်းမျိုးစုံ များစွာရှိနေ သည်ကို တွေ့ရှိရသည့်အတွက်  မြို့နယ်အတွင်းရှိ လူငယ်လူရွယ်များ၊ အမျိုးသားအမျိုးသမီးများ အတွက် အလုပ်အကိုင်အခွင့်အလမ်းများ များစွာရှိနေကြောင်း၊ ထို့အပြင် မိမိတို့မြို့နယ်အတွင်း အပြည်ပြည်ဆိုင်ရာရင်းနှီးမြှုပ်နှံမှုအဖွဲ့ (A-9)မှ ဇောတိကကုမ္ပဏီနှင့်ပူးပေါင်းပြီး ဇောတိကကုန်စည် လုပ်ငန်းကြီး၏ ကုန်စည်သိုလှောင်ရုံကြီးများ ဆောက်လုပ်ရန် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်းနှင့် မြို့နယ်အတွင်း (၁၈၃)ဧကတွင် အိမ်ရာများဆောက်လုပ်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့နှင့် BDS Act Smart City Company Limited ၏ (A-Subsidary Company of Berjaya Land Berhad (Malaysia) ကုမ္ပဏီတို့ စာချုပ်ချုပ်ဆို စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ လူငယ်လူရွယ် များအနေဖြင့် အလုပ်အကိုင်အခွင့်အလမ်းနှင့်ပတ်သက်ပြီး တောင်ဒဂုံမြို့နယ်၏ Labour ရုံးနှင့်သာ ဆက်သွယ်ဆောင်ရွက်နေရသည့်အတွက် အချိန်ကုန်၊ ငွေကုန်၊ လူပန်းလျက်ရှိသည်ကို တွေ့ရှိရပါကြောင်း၊ 
ထို့ကြောင့် မြေလွတ်၊ မြေလပ်များစွာရှိနေပြီး စက်မှုလက်မှုလုပ်ငန်းများစွာရှိနေသည့် မိမိတို့ မြို့နယ် အတွင်းရှိ လူငယ်လူရွယ်များအတွက် အလုပ်သမားညွှန်ကြားမှုဦးစီးဌာနရုံးမရှိသေးသည့်အတွက် ရုံးတစ်ရုံး အမြန်ဆုံးချထားပေးပါရန် အစီအစဉ်ရှိ/မရှိ သိလိုကြောင်းမေးမြန်းပါသည်။