(ဇ)-အိမ်မဲမြို့နယ်၊ ရွာသစ်ကျေးရွာတွင် နယ်မြေမီးသတ်စခန်းတစ်ခုကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ထည့်သွင်းလျာထားဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

2021-01-02


ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ ရွာသစ်ကျေးရွာဟာ တိုက်နယ်အဆင့် ကျေးရွာဖြစ်ပြီး လပွတ္တာ-မြောင်းမြ- အိမ်မဲ- ရန်ကုန် ကားလမ်းဘေးတွင် တည်ရှိပါကြောင်း၊ စည်ပင်နယ်နိမိတ်သတ်မှတ်ထားခြင်း၊ လျှပ်စစ်မီးရရှိခြင်း၊ တိုက်နယ်ဆေးရုံတည်ရှိခြင်း၊ အထက် တန်းကျောင်းတည်ရှိခြင်းနှင့် စည်ပင်သာယာဈေးတည်ရှိခြင်းတို့ကြောင့် လူနေထူထပ်ပါကြောင်း၊ ၂၀၁၄ ခုနှစ်၊ သန်းခေါင်းစာရင်း အရ အိမ်ထောင်စု ၆၀၈ စု၊ လူဦးရေပေါင်း ၃၀၀၀ ခန့်ရှိသော်လည်း ယခုအချိန်တွင် လူဦးရေအဆမတန် ထူထပ်လာတာပြီဖြစ်ပါကြောင်း၊ ယခုလက်ရှိ ရွာသစ်ကျေးရွာ၏ မီးသတ်စခန်းတွင် ဝန်ထမ်းအိမ်ရာများကို ရပ်မိရပ်ဖနှင့် ရွာလူထုများ ဆောက်လုပ်ပေးထားခြင်း ဖြစ်ပါကြောင်း၊ မီးသတ်စခန်းမြေနေရာကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် (၆)လဘတ်ဂျက်တွင် ဝန်းနံရံခြံ ကာရံဆောက်လုပ်ခြင်းလုပ်ငန်းရရှိခဲ့ပါကြောင်း၊  မီးသတ်စခန်းဆောက်လုပ်ရန် လယ်မြေ သည်  ဦးကံမြင့်ပိုင်ဆိုင်သည့် လယ်မြေအမျိုးအစား ကွင်းအမှတ်(၈၈)၊ ဦးပိုင်အမှတ်(က)/၁၅/င (၀.၄၁)ဧက လှူဒါန်းထားပြီး ပုံစံ (၁၀၅)၊ (၁၀၆) လည်း ထုတ်ပြီးဖြစ်ပါကြောင်း၊ ထို့ကြောင့် အိမ်မဲမြို့နယ်၊ ရွာသစ်ကျေးရွာတွင် နယ်မြေမီးသတ်စခန်းတစ်ခုကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ထည့်သွင်းလျာထားဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် သိရှိလိုပါကြောင်းမေးမြန်းပါသည်။