(ဆ)-တရုတ်မှော်တိုက်နယ်နှင့် ကျီးသဲတိုက်နယ် အရန်မီးသတ်စခန်းတို့အား နယ်မြေခံမီးသတ်စခန်းအဖြစ် အဆင့်တိုးမြှင့်ပေးပြီး မယားမာန်နယ်မြေ မီးသတ်စခန်းအား စခန်းအဆောက်အဦနှင့် ဝန်ထမ်းအိမ်ရာများချထားပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
ရွှေတောင်မြို့နယ်အတွင်း လိုအပ်လျက်ရှိသော တရုတ်မှော်တိုက်နယ်နှင့် ကျီးသဲတိုက်နယ် အရန် မီးသတ်စခန်းတို့အား နယ်မြေခံမီးသတ်စခန်းအဖြစ် အဆင့်တိုးမြှင့်ပေးပြီး မယားမာန်နယ်မြေ မီးသတ်စခန်းအား စခန်းအဆောက်အဦနှင့် ဝန်ထမ်းအိမ်ရာများချထားပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
ရွှေတောင်မြို့နယ်အတွင်းရှိ တရုတ်မှော်တိုက်နယ်နှင့် ကျီးသဲတိုက်နယ်တို့သည် လူနေထူထပ်ပြီး တိုက်နယ်ဆေးရုံ၊ အ.ထ.က ကျောင်းများလည်း ရှိပါကြောင်း၊ တရုတ်မှော်တိုက်နယ်သည် ရွှေတောင်မြို့နယ်မှ ၂၄ မိုင်၊ ကျီးသဲတိုက်နယ်မှ ၁၀ မိုင် ကွာဝေးပါကြောင်း၊ ထိုတိုက်နယ်များတွင် အရန်မီးသတ်တပ်ဖွဲ့သာရှိပြီး နယ်မြေခံမီးသတ်စခန်းနှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များချထားပေးရန် လိုအပ်လျက်ရှိပါကြောင်း၊ နယ်မြေခံမီးသတ်စခန်းနှင့် သန္ဓေတပ်ဖွဲ့ဝင်များချထားပေးမှသာ မီးဘေး အန္တရာယ်ကြုံတွေ့လာပါက အလျင်အမြန်တုံ့ပြန် ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ ရွှေနတ်တောင် ဘုရားခြေရင်း မယားမာန်ကျေးရွာအုပ်စုတွင် နယ်မြေခံမီးသတ်စခန်းရှိပြီး အဆောက်အဦမရှိပါ သဖြင့် ကျေးရွာစာကြည့်တိုက်နှင့်တွဲ၍ ဖွင့်လှစ်ထားရသည့်အတွက် မီးသတ်စခန်း စံကိုက် အဆောက်အဦနှင့် ဝန်ထမ်းအိမ်ရာလိုအပ်လျက်ရှိပါကြောင်း၊
တရုတ်မှော် တိုက်နယ်သည် ရွှေတောင်မြို့မှ အဝေးဆုံးတိုက်နယ်ဖြစ်ပြီး ကျေးလက်လမ်းနှင့်သာ ဆက်သွယ်ထားရပါကြောင်း၊ တရုတ်မှော်တိုက်နယ်တွင် မီးသတ်ကားနှစ်စီး ချထားပေးပြီး ကိုင်တွယ်ထိန်းသိမ်းရန် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ လိုအပ်လျက်ရှိပါကြောင်း၊
သို့ဖြစ်ပါ၍ ရွှေတောင်မြို့နယ်အတွင်း လိုအပ်လျက်ရှိသော တရုတ်မှော်တိုက်နယ်နှင့် ကျီးသဲ တိုက်နယ် အရန်မီးသတ်စခန်းတို့အား နယ်မြေခံမီးသတ်စခန်းအဖြစ် အဆင့်တိုးမြှင့်ပေးပြီး မယား မာန်နယ်မြေ မီးသတ်စခန်းအား စခန်းအဆောက်အဦနှင့် ဝန်ထမ်းအိမ်ရာများချထားပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်းမေးမြန်းပါသည်။