(ဇ)-ဆိပ်ဖြူမြို့နယ်အတွင်းရှိ ကျေးရွာများ လျှပ်စစ်ဓာတ်အား ရရှိရေးအတွက် လက်ဆည်ကျေးရွာနှင့် ညောင်နီချောင်း ကျေးရွာတို့တွင် (၆၆/၁၁) ကေဗွီအေ (၅)အမ်ဗွီအေ ဓာတ်အားခွဲရုံ နှစ်ရုံ တည်ဆောက် ပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
ဆိပ်ဖြူမြို့နယ် အတွင်းရှိ ကျေးရွာများ မီးရရှိရေးအတွက် ဓာတ်အားခွဲရုံ တောင်းဆိုသွားမည် ဖြစ်ပါကြောင်း၊ ၇-၆-၂၀၁၆ ရက်၊ ဒုတိယအကြိမ် ပထမပုံမှန် အစည်းအဝေး (၄၀)ရက်မြောက်နေ့တွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနကို မိမိတောင်းဆိုခဲ့ပါကြောင်း၊ တောင်းဆိုသည့်အတိုင်း ကတိပေး သည့်အတိုင်း တိုင်များ ထူခြင်း၊ ကြိုးများ သွယ်ကြောင်း၊ ကြိုးများ သွယ်ပြီးချိန်တွင် အနည်းငယ် ရပ်ဆိုင်းသွားကြောင်း၊ ကျေးရွာလူထုမှ မိမိကို ၁၃-၃-၂၀၁၈ ရက်တွင် ရွာထဲ မီးမရောက်သည့် အတွက် ထပ်မံပြီးတောင်းဆိုခဲ့ပါကြောင်း၊ လက်ရှိတွင် ရွာ ၂၂ ရွာနှင့် ယခုနှစ်ထဲတွင် ၂၂ ရွာ ပေါင်း ၄၄ ရွာ မီးလင်းရန် အစီအစဉ် ရှိပါကြောင်း၊
ဆိပ်ဖြူမြို့နယ်ရှိ ကျေးရွာ ၈၆ ရွာ၊ အိမ်ခြေ ၁၂၁၆၆ အိမ်အတွက် လျှပ်စစ်မီး ဓာတ်အား သုံးစွဲနိုင်ရေးအတွက် လျှပ်စစ်ဓာတ်အားခွဲရုံနှင့် ညောင်နီချောင်း ဓာတ်အားခွဲရုံ တည်ဆောက်မည့် မြေနေရာ ဖြစ်ကြောင်း၊ ဆိပ်ဖြူမြို့နယ် လက်ဆည်ကျေးရွာတွင် ဓာတ်အားခွဲရုံ တည်ဆောက် ပေးမည်ဆိုပါက ကျေးရွာ ၅၀ ရွာ၊ အိမ်ခြေ ၇၂၁၆ အိမ်အကျိုးပြုမည် ဖြစ်ကြောင်း၊ ဆိပ်ဖြူမြို့နယ် လက်ဆည် ကျေးရွာ ဓာတ်အားခွဲရုံ တည်ဆောက်၍ ဖီလာ ၁ မှ ဓာတ်အား ပေးမည်ဆိုပါက ကျေးရွာ ၁၃ ရွာ၊ အိမ်ခြေ ၂၃၉၆ အိမ်အကျိုးပြုမည် ဖြစ်ပါကြောင်း၊ ဆိပ်ဖြူမြို့နယ် လက်ဆည် ကျေးရွာ ဓာတ်အားခွဲရုံ တည်ဆောက်၍ ဖီလာ ၂ မှ ဓာတ်အားပေးမည် ဆိုပါက ကျေးရွာ ၁၇ ရွာ၊ အိမ်ခြေ ၂၂၉၀ အကျိုးပြုမည် ဖြစ်ပါကြောင်း၊ ဆိပ်ဖြူမြို့နယ် လက်ဆည်ကျေးရွာ ဓာတ်အားခွဲရုံ တည်ဆောက်၍ ဖီလာ ၃ မှ ဓာတ်အားပေးမည်ဆိုပါက ကျေးရွာ ၂၀ ရွာ၊ အိမ်ခြေ ၂၅၃၀ အကျိုးပြု မည်ဖြစ်ကြောင်း၊ ညောင်နီချောင်း ကျေးရွာအတွင်း ဓာတ်အားခွဲရုံ တည်ဆောက်ပေးမည်ဆိုပါက ကျေးရွာ ၃၆ ရွာ၊ အိမ်ခြေ ၄၉၅၀ အကျိုးပြုမည် ဖြစ်ပါကြောင်း၊ ဆိပ်ဖြူမြို့နယ် ညောင်နီချောင်း ကျေးရွာ ဓာတ်အားခွဲရုံ တည်ဆောက်၍ ဖီလာ ၁ မှဓာတ်အားပေးမည်ဆိုပါက ကျေးရွာ ၁၀ ရွာ၊ အိမ်ခြေ ၁၃၄၉ အကျိုးပြုမည် ဖြစ်ပါကြောင်း၊ ဆိပ်ဖြူမြို့နယ်၊ ညောင်နီချောင်း ကျေးရွာ ဓာတ်အားခွဲရုံ တည်ဆောက်၍ ဖီလာ ၂ မှ ဓာတ်အားပေးမည်ဆိုပါက ကျေးရွာ ၁၀ ရွာ၊ အိမ်ခြေ ၁၅၉၀ တိုးမည် ဖြစ်ပါကြောင်း၊ ဆိပ်ဖြူမြို့နယ်၊ ညောင်နီချောင်း ကျေးရွာ ဓာတ်အားခွဲရုံ တည်ဆောက်၍ ဖီလာ ၃ မှ ဓာတ်အားပေးမည် ဆိုပါက ကျေးရွာ ၁၆ ရွာ၊ အိမ်ခြေ ၂၀၁၁ အကျိုးပြု မည် ဖြစ်ပါကြောင်း၊ လက်ဆည်ကျေးရွာနှင့် ညောင်နီချောင်း ကျေးရွာများအတွက် ဓာတ်အားခွဲရုံ တည်ဆောက်ပေးမည်ဆိုပါက ဆိပ်ဖြူမြို့နယ်အတွင်း ရွာပေါင်း ၈၆ ရွာ မီးလင်းမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် လက်ဆည်ကျေးရွာနှင့် ညောင်နီချောင်း ကျေးရွာတွင် (၆၆/၁၁) ကေဗွီအေ (၅)အမ်ဗွီအေ ဓာတ်အားခွဲရုံ နှစ်ရုံ တည်ဆောက် ပေးနိုင်ခြင်း ရှိ/မရှိ သိလိုကြောင်းမေးမြန်းပါသည်။