(က)-ပြည်ထောင်စုတရားလွှတ်တော်ချုပ်က လိုအပ်သည့် လူ့စွမ်းအားအရင်းအမြစ်နှင့် အခြားအရင်းအမြစ် များ တင်ပြတောင်းခံရန်နှင့် ပြည်ထောင်စုအစိုးရက ပံ့ပိုးပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့် မေးခွန်း
ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် တရားစီရင်ရေးမဟာဗျူဟာစီမံကိန်း (၂၀၁၈-၂၂)ကို ရေး ဆွဲပြီး မဟာဗျူဟာလုပ်ငန်းနယ်ပယ်(၅)ရပ်ချမှတ်၍ ပြုပြင်ပြောင်းလဲမှုများပြုလုပ်လျက်ရှိရာ အစီ အစဉ်အများစုသည် လူအင်အား၊ ငွေအင်အားနှင့် နည်းပညာများ လိုအပ်သည်ကို တွေ့ရှိရပါ ကြောင်း၊ အောင်မြင်မှုအချို့ကိုလည်း မြင်တွေ့နေရပြီဖြစ်၍ အသိအမှတ်ပြုပါကြောင်း၊ အများ ပြည်သူ စိတ်ဝင်စားသည့်ပြုပြင်ပြောင်းလဲမှုတွင် မှုခင်းစီမံခန့်ခွဲမှုအစီအစဉ်နှင့် တရားရုံးက ဦးဆောင် သည့် စေ့စပ်ဖြေရှင်းစမ်းသပ်အစီအစဉ်များဖြစ်ပါကြောင်း၊ မှုခင်းစီမံခန့်ခွဲမှုအစီအစဉ်ကို တရားရုံး ၇၂ ရုံးတွင် အကောင်အထည်ဖော်နေပြီး ၂၀၂၂ ခုနှစ်တွင် တစ်နိုင်ငံလုံးအကောင်အထည် ဖော်မည်ဟု သိရပါကြောင်း၊ တရားရုံး လေးရုံးတွင်စမ်းသပ်ရာ အထိုက်အသင့်အောင်မြင်သည်ဟု သိရပါကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်ဆောင်ရွက်မည်ဆိုပါက ယင်းအတွက် ဝန်ထမ်းအင်အားသာမက နည်းပညာ၊ ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများလိုအပ်မည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်က အလေး ထားဆောင်ရွက်နေသည့် ကမ္ဘာ့ဘဏ်၏ စီးပွားရေးလုပ်ငန်းများလုပ်ကိုင်ရန် လွန်ကဲမှု(Ease of Doing Business)အညွှန်းကိန်း ၁၀ ခုတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ပဋိညာဉ် အတည် ပြုခြင်းနှင့် လူမွဲခံယူခြင်းများကို ဖြေရှင်းရန် အညွှန်းကိန်းနှစ်ခုကိုတာဝန်ယူ ဆောင်ရွက်လျက် ရှိပါ ကြောင်း၊ ထို့ကြောင့် လူ့စွမ်းအားနှင့်အခြားအရင်းအမြစ်များ လိုအပ်မည်ဖြစ်ပြီး ယင်းညွှန်းကိန်း များအတွက် လိုအပ်ချက်များသည် မဟာဗျူဟာစီမံကိန်းတွင် ပါဝင်ပါကြောင်း၊ မိမိတို့ ချောက် မြို့နယ် တရားရုံး၌ ၂၀၁၉ ခုနှစ်တွင် ပြစ်မှု လက်ကျန် ၁၂၉ မှု၊ တရားမအရေအတွက်လက်ကျန် ၁၂၂ မှုခန့်ရှိပါကြောင်း၊ မြို့နယ်တရားသူကြီးသုံးဦးနှင့် ဒုတိယ မြို့နယ်တရားသူကြီးတစ်ဦးသာလျှင်ရှိပြီး၊ စစ်ဆေးဆင်ခြင်နေရသည့်တရားသူကြီးများသည် အမှုအရည်အသွေးကို အသေးစိတ်လေ့လာခြင်း၊ လိုအပ်သောဥပဒေ၊ နည်းဥပဒေများ၊ တရားရုံးလက်စွဲစီရင်ထုံးများကို အချိန်ယူလေ့လာခြင်း မပြု နိုင်ဘဲ အမှုများကို စီရင်ဆုံးဖြတ်ရမည်ဆိုပါက အရည်အသွေးပြည့်ဝသည့် စီရင်ချက်ဖြစ်ရန် မလွယ် ကူခြင်း၊ အမှုများ ကြန့်ကြာခြင်းများ ဖြစ်နိုင်ပါကြောင်း၊
ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ ၂၀၁၈ ခုနှစ် တရားရုံးဖြစ်စဉ်အစီရင်ခံစာအရ တစ်နိုင်ငံလုံး တွင် တရားရေးအရာရှိ လစ်လပ်အမှုသည် ၃၁.၇၃ ရာခိုင်နှုန်းဖြစ်ပြီး အမှုထမ်း လစ်လပ်မှု ရာခိုင်နှုန်း သည် ၃၇.၃၀ ခန့်ဖြစ်သည်ဟုသိရပါကြောင်း၊ အစိုးရအဖွဲ့၏ညွှန်ကြားချက်အရ ခွင့်ပြုအင်အား၏ ၇၀ ရာခိုင်နှုန်းအထက်ခန့်အပ်လိုပါက အစိုးရအဖွဲ့အစည်း၏ခွင့်ပြုချက် လိုအပ်ပါကြောင်း၊ ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့တွင် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်က သတင်း မီဒီယာများနှင့်တွေ့ဆုံရှင်းလင်းရာတွင် တရားရုံးများတွင် တရားမမှုများ ကြန့်ကြာနေမှုနှင့်စပ်လျဉ်း၍ နိုင်ငံတော်သမ္မတနှင့် ပြည်ထောင်စုတရားသူကြီးချုပ်အပါအဝင် တရားသူကြီးများနှင့် တွေ့ဆုံစဉ် ဆွေးနွေးထားပြီးဖြစ်ကြောင်း၊ တရားရုံးတွင် တရားရေး ဝန်ထမ်းအရေအတွက်များ နည်းပါးနေသည့် အတွက် ဖွဲ့စည်းပုံတိုးချဲ့နိုင်ရန်နှင့် ဝန်ထမ်းခန့်ထားရေးအတွက် ဆောင်ရွက်ရန် ညွှန်ကြားထားပြီး ဖြစ်ကြောင်းကို သိရှိရပါကြောင်း၊
ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် ၂၀၁၈-၁၉ ခုနှစ်တွင် ငွေလုံးငွေရင်းအသုံးစရိတ် ၀.၁၃၁ ရာခိုင်နှုန်း၊ သာမာန်အသုံးစရိတ်ငွေ၏ ၀.၁၁၆ ရာခိုင်နှုန်းခန့်ခွဲဝေရရှိသဖြင့် ဘဏ္ဍာငွေ အားလုံး၏ ၁၀၀၀ ပုံတစ်ပုံသာ ရရှိသည်ကို တွေ့ရပါကြောင်း၊
ကမ္ဘာ့ကုလသမဂ္ဂကြီး၏ တရားစီရင်ရေး ဆိုင်ရာလွတ်လပ်မှုအခြေခံဥပဒေများ(United Nations Basic Principles on the Independence of the Judiciary)အပိုဒ် ၇ တွင် တရားစီရင်ရေး၏ တာဝန်များကို သင့်တင့်လျောက်ပတ်စွာဆောင်ရွက်နိုင်ရန် လုံလောက်သောအရင်းအမြစ်များ ပေးရာ တွင် အဖွဲ့ဝင်နိုင်ငံတိုင်း၏တာဝန်ဖြစ်သည်ဟု ဖော်ပြထားပါကြောင်း၊ Beijing Statement of Principles of the Independence of the Judiciary in the Law Asia Region အပိုဒ် ၄၂ တွင်လည်း တရားဥပဒေစိုးမိုးရေးကိုထိန်းသိမ်းရန်နှင့် လူ့အခွင့်အရေး ကာကွယ်ပေးရန်တို့သည် အလွန် အရေးကြီးသောကြောင့် နိုင်ငံတော်စီးပွားရေး မည်သို့ပင် ကျပ်တည်းစေကာမူ တရားစီရင် ရေးစနစ်နှင့် တရားသူကြီးများ၏လုပ်ဆောင်မှုများ အဆင်ပြေ ချောမွေ့စေရန် လည်ပတ်ရန်အတွက် လိုအပ်သည်များကို နိုင်ငံတော်၏ ဦးစားပေးအစီအစဉ်ဖြင့် သတ်မှတ်ကာ ဖြည့်ဆည်းပေးရမည်ဟု ဖော်ပြပါကြောင်း၊
၎င်း Statement ကို ပြည်ထောင်စုမြန်မာနိုင်ငံတော် တရားသူကြီးချုပ်က ၁၉-၈-၁၉၉၅ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ပါကြောင်း၊ ယင်းဥပဒေနှင့် Statement တို့သည် ပညာရှင်များ ပူးပေါင်း အချိန် ယူပြီး သုတေသနပြုစုရေးဆွဲထားခြင်းဖြစ်၍ တရားရေးမဏ္ဍိုင်ခိုင်မာစေရန် ယင်းတို့ကို လိုက်နာသင့် သည့်ဟု အကြံပြုဆွေးနွေးလိုပါကြောင်း၊ နိုင်ငံအများတွင် တရားသူကြီးများနှင့် တရားရေး အရာရှိများ သည် နိုင်ငံ့ဝန်ထမ်းများမဟုတ်ကြဘဲ တရားရေးဌာန၏သီးခြားဝန်ထမ်းများဖြစ်ပြီး မြန်မာနိုင်ငံတွင် မူ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများနှင့် အစိုးရကထုတ်ပြန်သည့်အမိန့်ညွှန်ကြားချက်များကို လိုက်နာကြရပါကြောင်း၊ တရားရေးမဏ္ဍိုင်ကို သီးခြားမဏ္ဍိုင်အဖြစ် သတ်မှတ်ထားပါကြောင်း၊
ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကလည်း တရားလွှတ်တော်ချုပ်အောက်ရှိဝန်ထမ်းများခန့်ထားရေးနှင့် လိုအပ်သည့်ဘဏ္ဍာငွေများကိုခွင့်ပြုနိုင်ရေးအတွက် မည်သည့်ပြုပြင်ပြောင်းလဲမှုများလုပ်ကိုင် နေ ကြောင်း၊ မည်သည့်အရင်းအမြစ်များ လိုအပ်ကြောင်းနှင့် ယင်းအရင်းအမြစ်များရရှိပါက မည်သည့် အကျိုးကျေးဇူးများရနိုင်ကြောင်းတို့ကို အသေးစိတ်တွက်ချက်တင်ပြကာ ထိရောက်သည့် နည်းလမ်း အသုံးပြုတောင်းခံရန်လိုအပ်မည်ဖြစ်သည်ဟု အကြံပြုပါကြောင်း၊ ထို့ကြောင့် ပြည်ထောင်စုတရား လွှတ်တော်ချုပ်က ထိုသို့ဆောင်ရွက်ရန်နှင့် လိုအပ်သည့် လူ့စွမ်းအားအရင်းအမြစ်နှင့် အခြားအရင်း အမြစ်များ တင်ပြတောင်းခံရန်နှင့် ပြည်ထောင်စုအစိုးရက ပံ့ပိုးပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါ ကြောင်းမေးမြန်းပါသည်။