(င)-လျှပ်စစ်သုံးစွဲမှုကောင်းမွန်စေရန်၊ဓာတ်အားပျောက်ဆုံးမှုလျော့နည်းစေရန်နှင့်ရင်းနှီးမြှုပ်နှံမှုများကိုဖိတ်ခေါ်ပြီးရန်ကုန်၊မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းနှင့် ESE တို့အား ပြုပြင်ပြောင်းလဲရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
ပြည်သူများလျှပ်စစ်သုံးစွဲမှု ပိုမိုကောင်းမွန်စေရန်၊ ဝန်ဆောင်မှုများ အဆင်ပြေစေရန်၊ ဓာတ်အား ပျောက်ဆုံးမှု လျော့နည်းစေရန်နှင့် အလေအလွင့်မဖြစ်စေရန်အတွက် ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံ မှုများကို ဖိတ်ခေါ်ပြီး YESC(ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း)၊ MESC(မန္တလေး လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း)၊ ESE တို့အား ပြုပြင်ပြောင်းလဲရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
၂၀၁၇ ခုနှစ်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သမ္မတရုံးက ရန်ကုန်လျှပ်စစ်ဓာတ်အားပေး ရေးကော်ပိုရေးရှင်းဖွဲ့စည်းဆောင်ရွက်မှုသုံးသပ်စိစစ်ရေးကော်မတီဟူ၍ သမ္မတရုံးက ဖွဲ့စည်းခဲ့ပြီး YESC ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းကို စိစစ်ရပါကြောင်း၊ စိစစ်ရာတွင် ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းအနေဖြင့် ဌာနလည်းမဟုတ် စီးပွားရေးဆန်ဆန် ကော်ပိုရေးရှင်းအနေဖြင့်လည်းမဟုတ်သည်ကို တွေ့ရှိရပါကြောင်း၊
လျှပ်စစ်ထုတ်လုပ်ရေးကို အသည်းအသန်လုပ်နေသော်လည်း လျှပ်စစ်ထုတ်လုပ်ရေး၊ သယ်ယူရေး၊ ဖြန့်ဖြူးရေးများ ဘက်စုံဆောင်ရွက်နိုင်မှ မီးကောင်းမည်ဖြစ်ပြီး ပြည်သူများအတွက်လည်း အန္တရာယ် ကင်းမည်ဖြစ်ပါကြောင်း၊
ထို့ကြောင့် ပြည်သူများလျှပ်စစ်သုံးစွဲမှု ပိုမိုကောင်းမွန်စေရန်၊ ဝန်ဆောင်မှုများ အဆင်ပြေစေရန်၊ ဓာတ်အားပျောက်ဆုံးမှုလျော့နည်းစေရန်နှင့် အလေအလွင့်မဖြစ်စေရန်အတွက် ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ပြီး YESC(ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း)၊ MESC (မန္တလေး လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း)၊ ESE တို့အား ပြုပြင်ပြောင်းလဲရန် အစီအစဉ် ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။