(စ)-လယ်ယာမြေနှင့်အခြားမြေများသိမ်းဆည်းခံရ မှုကြောင့်စုံစမ်းရေး ကော်မရှင်အဖွဲ့ခွဲ(၁)၏တိုင်ကြား စာ(၁၅၀၁) စောင်အနက်မည်မျှ ဖြေရှင်းပြီး၍ ဖြေ ရှင်းဆောင်ရွက်မှုအခြေအနေအားယင်းကော်မရှင် သို့ပြန်ကြားရန်အစီအစဉ်ရှိ၊မရှိစပ်လျဉ်းသည့်မေးခွန်း
မိမိတို့ ကော်မရှင်အနေဖြင့် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုနှင့် ပတ်သက်သော တိုင်ကြားစာများကို မိမိတို့က စိစစ်ပြီး ကော်မရှင်ကမှ ပြည်ထောင်စုလွှတ်တော် ထိုမှတစ်ဆင့် အစိုးရသို့ ဆက်လက်ပေးပို့သကဲ့သို့ တစ်မှုချင်းအလိုက် ဖြေရှင်းဆောင်ရွက် ပြီးစီးမှုများကိုလည်း ပြည်သူလူထုက မိမိတို့ ကော်မရှင်သို့ လာရောက် စုံစမ်းရပါကြောင်း၊ ပြည်ထောင်စုအစိုးရ၏ တစ်မှုချင်းအလိုက် ဖြေရှင်းမှုအခြေအနေများကို ၂၀၁၄ ခုနှစ် ၆ လပိုင်း ၂၄ ရက်နေ့အထိ ပြည်ထောင်စုအစိုးရက ကော်မရှင်သို့ ပြန်ကြားပေးခဲ့ပြီးဖြစ်သော်လည်း အဆိုပါနောက်ပိုင်းတွင် ဆက်လက်ပြန်ကြားမှု မရှိတော့ပါကြောင်း၊
ရန်ကုန်တိုင်းဒေသကြီးအနေဖြင့် အောက်တိုဘာလ ၂၃ ရက်နေ့ အထိ တိုင်စာ ၁၅၀၁ စောင်ကို အစီရင်ခံစာ စာအုပ် ၁၈ အုပ်နှင့် တင်ပြခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးတွင် အရပ်ဘက်က ၃၇၂၁.၁ ဧက၊ ကာကွယ်ရေးဝန်ကြီးဌာနက ၆၄၄၄ ဧက ရှိသည့်အတွက် စုစုပေါင်း စွန့်လွှတ်မြေသည် ၁၀၁၆၅.၁ ဧကရှိပြီး အဆိုပါစွန့်လွှတ်မြေများအတွက် အမှုတစ်ခုခြင်းအလိုက် တိကျစွာ သိရှိ လိုပါကြောင်း၊ (၁) တိုင်ကြားစာ ၁၅၀၁ စောင်အနက် စောင်ရေမည်မျှအား ဖြေရှင်းပြီးစီး၍ ဖြေရှင်း ရန် မည်မျှကျန်သေးသည်။ (၂) တိုင်ကြားစာတစ်ခုချင်းစီအပေါ် ဖြေရှင်း ဆောင်ရွက်မှု အခြေ အနေအား လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှုကြောင့် ပြည်သူများ နစ်နာမှုမရှိစေရေး စုံစမ်းရေးကော်မရှင်သို့ပြန်ကြားပေးရန် အစီအစဉ်ရှိ/မရှိတို့ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။