(စ)-ခန္တီးမြို့နယ်ရှိ နန်ပုတ်ချောင်းမှ အလတ်စားရေအားလျှပ်စစ် ထုတ်လုပ်နိုင်ရေးအတွက် ကွင်းဆင်းတိုင်းတာပေးရန် အစီအစဉ် ရှိ၊ မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
2021-01-02
ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန် အစည်းအဝေး (၂၆) ရက်မြောက် ၈-၇-၂၀၁၄ ရက်နေ့တွင် ခန္တီး-ဟုမ္မလင်း-ဖောင်းပြင်မြို့များသို့ မဟာဓာတ်အားလိုင်း သယ်ယူရန်အခက်အခဲရှိကြောင်း ၂၄ နာရီ လျှပ်စစ်မီး ရရှိနိုင်ရေးအတွက် ဒေသအတွင်း ရေအရင်းအမြစ်များ ရှာဖွေတင်ပြကြရာ လျှပ်စစ်ဝန်ကြီးဌာနမှ ဖြေကြားရှင်းလင်း သွားကြောင်း၊ ခန္တီးမြို့နယ်အတွင်းရှိ နန်ပုတ်ချောင်းကို ရေအားလျှပ်စစ်ထုတ်ယူမည် ဆိုပါက ကျေးရွာ များရွှေ့ပြောင်းခြင်း၊ လယ်ယာမြေများ လျော်ကြေးပေးရခြင်းမရှိဘဲ ရေအားလျှပ်စစ် ထုတ်လုပ်နိုင် မည်ဟု သုံးသပ်မိပါကြောင်း၊ ယခု ထုတ်လုပ်ရရှိသည့် လျှပ်စစ်သည် ခန္တီးမြို့နယ်အပါအဝင် ထန်ပါခွေ၊ လဟယ်မြို့နယ်များအထိရရှိမည်ဟုလည်း သုံးသပ်ရရှိပါကြေင်း၊ သို့ပါ၍ နန်ပုတ်ချောင်းကို ရေအားလျှပ်စစ် ထုတ်လုပ်၍ ရနိုင်/မရနိုင် ကွင်းဆင်းလေ့လာတိုင်းတာရန် အစီအစဉ်ရှိ/မရှိ မေးမြန်းပါသည်။