(ဃ)-မြန်မာ့ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ရန်အစီအစဉ်ရှိ၊မရှိနှင့် သဘာ၀ အခြေပြု ခရီးသွားလုပ်ငန်း (Eco- tourism)နှင့် ပတ်သက်၍ မည်ကဲ့သို့ စီစဉ်ဆောင် ရွက်လျက်ရှိသည်ကို သိလိုခြင်းနှင့် စပ်လျဉ်း သည့်မေးခွန်း

2021-01-02

ဒေါ်ဇင်မာအောင်ခရီးသွားလုပ်ငန်းနှင့် ဟိုတယ်လုပ်ငန်းသည် အဓိက နိုင်ငံ့ဝင်ငွေတိုးတက်ရှာဖွေရန်နှင့် အလုပ် အကိုင်အခွင့်အလမ်းအတွက်သာမက မိမိတို့နိုင်ငံတွေ၏ အမှတ်အသားသစ်ကို မြှင့်တင်နိုင်တဲ့ အတွက်ကြောင့် နိုင်ငံများစွာက ကမ္ဘာနှင့်ခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကို အလေးထား ဆောင်ရွက်နေကြသည်ကို တွေ့ရှိရပါကြောင်း၊  မိမိတို့အိမ်နီး နားချင်းနိုင်ငံတွေကို ကြည့်မည် ဆိုပါက ခရီးသွား လုပ်ငန်းကနေပြီး ဝင်ငွေအမြောက်အမြား ရှာဖွေနိုင်ကာ အလုပ်အကိုင် အခွင့်အလမ်းများစွာ ဖန်တီးပေးနိုင်သည်ကို တွေ့ရှိရမည်ဖြစ်ပါကြောင်း၊ မိမိတို့မြန်မာနိုင်ငံ အနေဖြင့် လည်း နိုင်ငံရေး ပွင့်လင်းလာသည်နှင့်အမျှ နိုင်ငံခြား စီးပွားရေးရင်းနှီးမြှုပ်နှံမှုများနှင့်အတူ အလားအလာ ရှိသော နိုင်ငံတစ်ခုအဖြစ် ကမ္ဘာ့နိုင်ငံများက  ရှုမြင်လာကြချိန်တွင် ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းများ၊ ကမ္ဘာလှည့်ခရီးသွားများကို ဆွဲဆောင်စည်းရုံးပြီး တိုင်းပြည်ဝင်ငွေရှာရန် အချိန်အခါကောင်းဟု ထင်မိပါကြောင်း၊ ကမ္ဘာလှည့်ခရီးသွားလာရေးကောင်စီက ပြုလုပ်သော သုတေသနစစ်တမ်း ၂၀၁၅ ခုနှစ်အစီရင်ခံစာအရ အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးနိုင်မသည် ၁.၈ ရာခိုင်နှုန်းရှိပါကြောင်း၊ အဆိုပါ ၁.၈ ရာခိုင်နှုန်းကနေ GDB ကို တိုက်ရိုက်ဆင့်ပွားလုပ်ငန်းများက ဝင်ငွေများ မပါရှိသေးဘဲ တိုက်ရိုက်လုပ်ငန်းကပင် GDB က ၂.၂ ရာခိုင်နှုန်းရှိသည်ဟု လေ့လာသိရှိရပါကြောင်း၊ အဆိုပါလုပ်ငန်းနှင့်ဆက်စပ်ပြီး ဆင့်ပွားသွယ်ဝိုက် ဖြစ်ပေါ်လာသော လုပ်ငန်းများ၏ ဝင်ငွေ အလုပ်အကိုင် အခွင့်အလမ်းများ မပါသေးပါကြောင်း၊ မိမိလေ့လာသိရှိရသလောက် မြန်မာနိုင်ငံအနေဖြင့် ၂၀၁၃ ခုနှစ်တွင် Tourism Master Plan ဟူ၍ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော Report ကို လေ့လာသိရှိ ရပါကြောင်း၊ အဆိုပါ Report တွင် ၂၀၁၃-၂၀၂၀ ဟူသော Master Plan ဆွဲထားပါကြောင်း၊Shorten  အနေဖြင့် ၂၀၁၃ က့ Action Plan ၂၀၁၅ အထိ လုပ်ကိုင်ဆောင်ရွက်ခဲ့သည်ဟု သိရှိရပါကြောင်း၊ ထို့နောက် Strategic Program 1 to 6 ရှိပါကြောင်း၊ အဆိုပါ Strategic Program တွင် Strategic Issue များ ဖော်ပြထားရှိပါကြောင်း၊ သို့သော် အဆိုပါPlan ကိုစခဲ့တာ နှစ်နှစ်ရှိပြီဟု လေ့လာသိရှိရသော်လည်း World Economic Forum က ၂၀၁၅ တွင် ထုတ်ပြန်သော Travel and Tourism Cumulativeness အရ မိမိတို့မြန်မာနိုင်ငံ၏ ယှဉ်ပြိုင်နိုင်စွမ်းသည် နိုင်ငံပေါင်း ၁၄၁ နိုင်ငံရှိသည့်အနက် ၁၃၄ တွင် ရှိနေသည်အတွက် တကယ့်ကို ယှဉ်ပြိုင်နိုင်စွမ်းအနိမ့်ဆုံးနိုင်ငံဖြစ်နေသည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် Master Plan ကြီးရှိနေသော်လည်း အလုပ်အကိုင်အခွင့်အလမ်းများ၊ တခြားနိုင်ငံများနှင့် ယှဉ်ပြိုင်နိုင်စွမ်း များ နိမ့်ကျနေသေးသည်ကို သိရှိရပါကြောင်း၊ ထို့ကြောင့် ပထမမေးခွန်းအနေဖြင့် အလုပ်အကိုင် အခွင့်အလမ်းများစွာ ဖန်တီးပေးနိုင်မည့် ကမ္ဘာနှင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်မြင့် ဆောင်ရွက်နိုင်ရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိပါက အလုပ်အကိုင်အခွင့်အလမ်းနှင့် ဝင်ငွေ မည်မျှကို မျှော်မှန်းချက်ထား လုပ်ကိုင်နေသည်ဆိုသည်ကို သိရှိလိုပါကြောင်း၊ ထပ်မံ၍ မြန်မာနိုင်ငံအနေဖြင့် အလားအလာကောင်းများရှိသော သဘာဝအခြေပြုခရီးသွားလုပ်ငန်းများတွင် သဘာဝပတ်ဝန်းကျင်ထိခိုက်နိုင်သည့်ကိစ္စရပ်များ၊ ယဉ်ကျေးမှုဓလေ့ထုံးတမ်းများကို ထိခိုက်နိုင် သည့် ကိစ္စရပ်များ၊ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ရွေးချယ်စရာတစ်ခုဖြစ်သည့် Ecoနှင့် Culture-tourism Eco-tourism အတွက်ကို မည်သို့ စီစဉ်ဆောင်ရွက်ထားပြီး ဝင်ငွေမည်မျှ ရှာရန် မျှာ်မှန်းထားသည်ဆိုသည်ကို သိရှိ လိုပါကြောင်း မေးမြန်းပါကြောင်း မေးမြန်းပါသည်။