(က)-တောင်တွင်းကြီးမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးရုံး၏ မြေလွတ်ကျန်ရှိနေသော မြေနေရာ တွင် ပေ ၃၀ x ပေ ၉၀ Community Centre Hall အဆောက်အဦတစ်ခု တည်ဆောက် ပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း
တောင်တွင်းကြီးမြို့၏ ပြည်-မန္တလေးကားလမ်းမကြီးရဲ့ဘေး မကွေးလမ်းမကြီး လမ်းလေးခွ စုံတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးရုံးရှိပါကြောင်း၊ ရုံး၏မြေနေရာသည် အလျားပေ ၉၀၊ အနံပေ ၉၀၊ စတုရန်းပေ ၈၁၀ ၊ အကျယ် (၄၀ ပေ x ၃၀ ပေ) ရှိသည့်အတွက် ဧရိယာစတုရန်းပေ ၁၂၀ ရှိပါကြောင်း၊ ၎င်းရုံးတွင် Mini Museum ဟုခေါ်ရမည့် ပြတိုက်ငယ်လေးတစ်ခု ဖွင့်လှစ်ထား ပါကြောင်း၊ တောင်တွင်းကြီးမြို့ ပတ်ဝန်းကျင်တွင် တွေ့ရှိထားသည့် ရှေးဟောင်းပေစာ၊ ပရပိုက် စာများ၊ ရှေးဟောင်းပျူခေတ် ခေတ်အဆက် ဆက်ဆေးတံများ၊ မြေအိုးများ၊ ရှေးအသုံးအဆောင် များကို ပြသထားပြီး ကလေးစာဖတ်ခန်း၊ စာဖတ်ဝိုင်းလေးများကိုလည်း စီစဉ်ထားပါကြောင်း၊ မြေနေရာစတုရန်းပေ ၈၁၀ ခန့်ရှိသည့် ခြံကျယ်ကြီးတွင် သေးငယ် ကျဉ်းမြောင်းသည့် စတုရန်းပေ ၁၂၀ ခန့်သာရှိသည့် ရုံးဖြစ်နေသည်အတွက် အမြင်မတော် ဖြစ်နေပါကြောင်း၊ ယခုအခါ Woman Clerk၊ Youth Clerk၊ Both Clerk စသည့် အသင်းအဖွဲ့များလည်း တည်ထောင်ထားပြီး ဖြစ်ပါကြောင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးရုံးမြေနေရာကို အသုံးချပြီး Community Centre Hall တစ်ခု တည်ဆောက်ပေးမည်ဆိုပါက မြို့လူထုအတွက် အကျိုးရှိသလို ပြန်ကြားရေး ဝန်ကြီးဌာနအတွက်လည်း အကျိုးရှိမည်ဖြစ်ပါကြောင်း၊ (၃၀ ပေ x ၉၀ ပေ)ရှိသည့် Community Centre တစ်ခုတည်ဆောက်ပေးနိုင်ရန်အစီအစဉ်ရှိ/မရှိ ကိုသိလိုပါ ကြောင်း ဖြင့် မေးမြန်းပါသည်။