(ဃ)-လမိုင်းမှ အာယုတောင်ထိ ကျေးရွာချင်းဆက် လမ်းအား မြေသားလမ်းမှ ကတ္တရာလမ်းအဖြစ်သို့ တိုးမြှင့်ပေးရန်အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေး ခွန်း
သောင်ပြင်ကျေးရွာရှိ ပြည်သူလူထု၏ ထည့်ဝင်ငွေနှင့် ကျေးရွာချင်းဆက်လမ်း မဟုတ်ဘဲ ကျေးရွာအတွင်း လမ်းများကို ပြုပြင်ဆောင်ရွက်နေရပါကြောင်း၊ တစ်အိမ်လျှင် ငွေကျပ် ၂၀၀၀၀၀၊ ၃၀၀၀၀၀ မှ ၁၀၀၀၀၀၀ ပတ်ဝန်းကျင်အထိ ပေးဆောင်နေကြရသည့်အတွက်၊ ရာဘာဈေးကျနေသည့် အချိန်ကာလတွင် ထည့်ဝင်ငွေသည် အခက်အခဲဖြစ်နေပါကြောင်း၊ တချို့က လမ်းထောင့်ကျသည့် အိမ်ဖြစ်နေသောကြောင့် လမ်း၏မျက်နှာစာ နှစ်ဖက်အနေနှင့် ဆောင်ရွက်ရခြင်းရှိပါကြောင်း၊ မိမိ၏ Slide တွင်ပြထားသည့် ဓာတ်ပုံများဆိုလျှင် ဆောင်ရွက်ထားသည့် လမ်းပိုင်းဖြစ်ပြီး ရွာတွင်း ဆောင်ရွက်ထားသည့် လမ်းပိုင်းရှိပါကြောင်း၊ ၎င်း ဆောင်ရွက်ထားသည့် လမ်းပိုင်းမှာ ၂ မိုင်ခန့်ပြီးဆုံးနေပြီး ၂ မိုင်ကျော်ကျော် ကျန်ရှိနေပါသေးကြောင်း၊ ထို့ကြောင့် ရွာအတွင်းမဟုတ်ဘဲနှင့် ရွာချင်းဆက်လမ်းကို မေးမြန်းရခြင်းဖြစ်ပါကြောင်း၊
ရေးမြို့နယ်အတွင်းရှိ လမိုင်းမြို့ကနေ သောင်ပြင်-တောင်ဘုံ-အာယုတောင် ကျေးရွာအုပ်စုချင်းဆက်လမ်း ရေးမြို့နယ်မှ လမိုင်းမြို့နယ်သို့ ဆက်သွယ်ထားသော အတွင်းလမ်းဖြစ်ပြီး ကျေးရွာနေပြည်သူများမှ အားကိုး အားထားပြု၍ သွားလာနေကြသည့် လမ်းဖြစ်ပါကြောင်း၊ ၎င်းလမ်းကို အိမ်ထောင်စု ၅၀၀၀ ကျော်နှင့် လူဦးရေ ၃၁၉၁၄ ဦး တို့သွားလာနေသော လမ်းလည်းဖြစ်ပါကြောင်း၊ မိုးအခါတွင် မြေသားလမ်းမှာ ဆိုးရွားစွာပျက်စီးပြီး သွားလာမှုအဆင်မပြေဘဲ အခက်အခဲများစွာ ဖြစ်နေပါကြောင်း၊ ၎င်းမြေသားလမ်းကို ကတ္တရာလမ်းအဖြစ်သို့ တိုးမြှင့်ပေးနိုင်ပါရန် ကျေးရွာနေပြည်သူများမှ လိုအပ်သော ကျောက်များကိုလည်း ကျေးရွာအုပ်စုအပိုင်းအလိုက် စုဆောင်းထားရှိပြီးဖြစ်ပါသဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာနအနေနှင့် ဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။