(ခ)-ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်အခန်း (၁)ပုဒ်မ ၂၁(က)၊ ပုဒ်မ ၃၆(ဃ)၊ ပုဒ်မ ၃၇(ဂ)အရ လည်းကောင်း၊ ပုဒ်မ ၃၅၆၊ပုဒ်မ ၄၄၅ အရနှင့်ပုံစံ (၃)အရ ပြည်သူပိုင်သိမ်းထားသည့် တိုက်ခန်းများ ကို ပြန်လည်ပေးအပ်ရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

2021-01-02

ဦးအေးမောက် (မလှိုင်)ဖွဲ့စည်းပုံ အခြေခံဥပဒေပြဋ္ဌာန်းချက် အခန်း(၁) အပိုဒ် ၂၁(က)၊ အပိုဒ် ၃၆ (ဃ)၊ ပုဒ်မ ၃၇(ဂ)တို့အရ လည်းကောင်း၊ ပုဒ်မ ၃၅၆၊ ပုဒ်မ ၄၄၅ အရ ပြည်သူပိုင်သိမ်းခံရသော ဦးနေဝင်း အမှတ် (၂၂၈)၊ အနော်ရ ထာလမ်း၊ လမ်းမတော်၊ ရန်ကုန် မြေညီထပ်၊ ဦးသံချောင်း အမှတ်(၅၈)၊ ပထမလမ်းနှင့် နေသူရိန် လမ်းထောင့် နှစ်ထပ်အိမ် ဖျာပုံမြို့များအပြင် ပြည်သူများထံမှပြည်သူပိုင်သိမ်းထားသည်များ ပြန်လည်မရရှိ သေးသော ကိစ္စရပ်များအတွက် မေးမြန်းခြင်းဖြစ်ပါကြောင်း၊ ယခင်အစိုးရလက်ထက်က ပြည်သူပိုင် သိမ်းယူထားသည်များကို အမိန့်ကြော်ငြာစာတွေထုတ်ပြန်၍ ပြန်လည်ပေးအပ်ရန် ထုတ်ပြန်ခဲ့သော်လည်း အမိန့်ကြော်ငြာစာနှင့် ဆန့်ကျင်ပြီး မပေးဘဲထားရှိမှုများ ရှိပါကြောင်း၊ ယခင် အစိုးရက ချမှတ်ထားသည့် အမိန့်များကို မျက်ကွယ်ပြုပြီး ပြည်သူပိုင်သိမ်းတိုက်ခန်းများအား ဝန်ကြီးဌာနများအနေနှင့် ပြန်လည် ပေးအပ်ခွင့်မရှိကြောင်း ပုံစံ(၃)ပေးထားသောအခန်းဖြစ်၍ ပြည်သူပိုင်သိမ်းခံအဆောက်အအုံအား စီမံ ခန့်ခွဲမှုကို နိုင်ငံပိုင်ပစ္စည်းများအား ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်နှင့် နိုင်ငံတော်သမ္မတရုံး၏ ခွင့်ပြုချက် ရမှသာ ဆောင်ရွက်နိုင်ပါကြောင်းကို သမဝါယမဝန်ကြီးဌာနက ဖြေကြားလာခဲ့ပါကြောင်း၊ ထို့ကြောင့် အဆိုပါကိစ္စများနှင့် စပ်လျဉ်း၍ နိုင်ငံပိုင်ပစ္စည်းများအား ပုဂ္ဂလိကပိုင်ပြုလုပ်ရေး ကော်မရှင်ကို မေးမြန်းပါကြောင်း တင်ပြမေးမြန်းပါသည်။