(ဆ)- တိရစ္ဆာန်များမှ လူကိုကူးစက်စေ တတ်သော ရောဂါများအကြောင်း နိုင်ငံနှင့်အဝှမ်း ကျယ်ကျယ်ပြန့်ပြန့် သိရှိရန် စီမံဆောင်ရွက်မည့် အစီအစဉ်များ ရှိ၊ မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

2021-01-02

ဗိုလ်မှူးအောင်ကျော်လွင် (တပ်မတော်သားကိုယ်စားလှယ်)

ဗိုလ်မှူးအောင်ကျော်လွင် (တပ်မတော်သားကိုယ်စားလှယ်)မြန်မာနိုင်ငံ၏ ၇၀ ရာခိုင်နှုန်းကျော်သော ကျေးလက်နေပြည်သူများသည် စိုက်ပျိုး/မွေးမြူရေးလုပ်ငန်းများဖြင့် အသက်မွေးဝမ်းကျောင်းပြုနေကြသူများ ဖြစ်ကြသည့်အားလျော်စွာ နိုင်ငံတော်အစိုးရအနေဖြင့်လည်း ကျေးလက်ဒေ သဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတစ်ဝန်းရှိ ကျေးရွာပေါင်း ၆၄၃၄၆ ရွာတွင် နေထိုင် ကြသော ကျေးလက်နေပြည်သူများ၏ စိုက်ပျိုး/မွေးမြူရေးဖွံ့ဖြိုးတိုးတက်စေရန်အတွက် စီမံကိန်းများရေးဆွဲ အကောင်အထည်ဖော်ဆောင်ရွက်နေကြောင်းကိုလည်း လေ့လာသိရှိရပါကြောင်း၊ မွေးမြူရေးလုပ်ငန်းများ တိုးတက်လာသည်နှင့်အမျှ အီဘိုလာရောဂါကဲ့သို့ တိရစ္ဆာန်များမှတစ်ဆင့် လူကိုကူးစက်စေ တတ်သော ရောဂါဆန်းများမှာလည်း နည်းမျိုးစုံဖြင့် လူသားများဆီသို့ ကူးစက်ပြန့်ပွားလျက်ရှိနေသည်ကို လေ့လာ သိရှိရပါကြောင်း၊

သို့ဖြစ်ပါ၍ တိရစ္ဆာန်များမှ လူကိုကူးစက်စေနိုင်သော ရောဂါများအကြောင်းကို နိုင်ငံနှင့် အဝှမ်းရှိ ကျယ်ကျယ် ပြန့်ပြန့်သိရှိပြီး တစ်နိုင်ငံလုံးရှိ မွေးမြူထုတ်လုပ်ရောင်းချသူများနှင့် စားသုံးသူ များအားလုံး ကျန်းမာရေး သတိဖြင့် နေထိုင်စားသောက်စေနိုင်ပြီး ကျန်းမာပျော်ရွှင်သောလူသားများ ဘဝပိုင်ဆိုင်နိုင်ရေးအတွက် မည်ကဲ့သို့ အကောင်အထည်ဖော် စီစဉ်ဆောင်ရွက်နေသည်ကို သိရှိလိုပါကြောင်းမေးမြန်းပါသည်။