(ဂ)-တောင်ဥက္ကလာပမြို့နယ်အတွင်းတွင်အမှိုက်စွန့် ပစ်ရန် ထားရှိသောအမှိုက်ပုံးနေရာ(၂၀)ခန့်ကိုရှင်း လင်း၍ယခင်ကဆောင်ရွက်ခဲ့သောခေါင်းလောင်းတီး အမှိုက်သိမ်းစနစ်အားပြန်လည်ဆောင်ရွက်ပေးနိုင်ရန် အစီအစဉ်ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း
တောင်ဥက္ကလာပမြို့နယ်သည် ၂ မိုင်ပတ်ချာလည်ခန့်ရှိပြီး လူဦးရေ ၁၇၀၀၀၀ ခန့်၊ ရပ်ကွက်ပေါင်း ၁၃ ရပ်ကွက်ရှိပြီး ရပ်ကွက်တစ်ခု၏ အတွင်းလမ်းမကြီးများသည် အများဆုံး ၅ လမ်းအထိသာရှိပါကြောင်း၊ ယခင်က အဆိုပါအတွင်းလမ်းမကြီးများပေါ်သို့ အမှိုက်သိမ်းကားများသည် သတ်မှတ်ထားသောရက် အလိုက် ရောက်ရှိပြီး အမှိုက်သိမ်းသောစနစ်ကြောင့် အဆင်ပြေခဲ့ပါကြောင်း၊ နောက်ပိုင်းတွင် အမှိုက်ပုံးများကို မြို့နယ်၏ အဓိကလမ်းမကြီးများတွင် ထားရှိခဲ့ပြီး ညအချိန်များမှသာ အမှိုက်သိမ်း ကားဖြင့် အမှိုက်များကို လာရောက်သိမ်းဆည်းပါကြောင်း၊ သက်ဆိုင်ရာဌာနမှ အမှိုက်ပုံးရှိသည့် နေရာများကို ထုံးဖြူးခြင်းများရှိသော်လည်း ပတ်ဝန်းကျင်ရှိနေအိမ်များသည် ၎င်းအမှိုက်ပုံးများ၏ အနံ့ များကို အမြဲတစေ ခံစားရခြင်း၊ ကားလမ်းမပေါ်ထားရှိ အမှိုက်ကန်များကြောင့် ယာဉ်လမ်းကြော ပိတ်ဆို့မှုဖြစ်ခြင်းများ ဖြစ်ပေါ်လျက်ရှိပါကြောင်း၊
ထို့ကြောင့် ခေါင်းလောင်းတီအမှိုက်သိမ်းစနစ် သို့မဟုတ် တစ်မြို့နယ်လုံး လွှမ်းခြုံမှု ရှိသော အမှိုက်သိမ်းကားစနစ်ကို ဆောင်ရွက်ပေးနိုင်ပါရန်အတွက် အစီအစဉ်ရှိမရှိသိရှိလိုပါကြောင်း မေးမြန်းပါသည်။