(ဂ)-မင်္ဂလာဒုံမြို့နယ်ရှိအခြေခံပညာကျောင်းများတွင် ဆရာ/မအင်အားထပ်မံဖြည့်တင်းပေးရန်နှင့်စာသင် ခန်းများထပ်မံဆောက်လုပ်ပေးရန်အစီအစဉ်ရှိ/မ ရှိနှင့် စပ်လျဉ်းသည့် မေးခွန်း
မင်္ဂလာဒုံမြို့နယ်သည် ပြောင်းရွှေ့လုပ်သားများပေါ များသည့်အတွက် ကျောင်းအပ်ရာတွင် အမြဲတန်းလိုလို ဒုက္ခရောက်ပါကြောင်း၊ အထူးသဖြင့် ဒီနှစ် တွင် ကျောင်းအပ် ရာသီတွင် ကျောင်းသားဦးရေ အဆမတန်များပြားပြီး ဆရာအင်းအားနည်းပါကြောင်း၊ နောက်တစ်ခါ စာသင်ခန်း များလည်း မလုံလောက်ဖြစ်သည့် အတွက်ကြောင့် တော်တော်လေး အခက်အခဲဖြစ်ရပါကြောင်း၊ အထူးသဖြင့် သူငယ်တန်းကိုအပ်သည့် အခါ သင်တန်းဆင်း ဆရာမသာ သူငယ်တန်းကိုပြရမည့် ညွှန်ကြားချက်ရှိသည့် အတွက် တချို့ဆိုရင် ဆရာမနှစ်ဦးလောက်သာ ရှိသည့်အတွက် အထက်ကလည်း ၃၅ ဦးထက်မပိုစေနှင့် ဆိုတော့ လူဦးရေ ၇၀ ထိဘဲလက်ခံနိုင်မည်၊ သို့သော် လာအပ်သည့် အခါ ၁၀၀ ကျော်နေသည့် အတွက် အအပ်မခံနိုင်သည့်အတွက် မိဘနှင့် ကျောင်း စကားများကြရပါကြောင်း၊ သည့်အတွက် ယခုအနေဖြစ်သည့်နည်းဖြင့် ကလေးများကို လက်ခံထား ပေးရန်နှင့် ဆရာမများ၊စာသင်ခန်းများကို ထပ်ပြီးတောင်းဆိုပေးမည်ဟု မိမိကတိပေးခဲ့သည့် အတွက် ယခုလိုမေးခွန်းမေး ရခြင်း ဖြစ်ပါကြောင်း၊တစ်တန်းတွင်ငါးယောက် ထိုင်နေရပါကြောင်း၊အလင်းရောင် လည်းကောင်းစွာမရသည့် အတွက် ဖြစ် သလို သင်နေရ ပါကြောင်း၊White Board တွင်ရေးထား သည်ကိုလည်း မမြင်ရပါကြောင်း၊စာသင်ခန်းထဲတွင် ကလေးများကြပ်နေသည့် အတွက် သင်ကြားရေး သည် မည်သို့မှ ထိရောက်သည့် အခြေအနေတွင်မရှိပါကြောင်း၊ ထို့ကြောင့် ဝန်ကြီးဌာနအနေဖြင့် အချိန်မီဖြည့်ဆည်း ပေးနိုင်ခြင်းရှိ/မရှိ နှင့် အစီအစဉ်မရှိခဲ့ပါကလည်း လာမည့် စာသင်နှစ်အတွက် မည်သည့် ပုံစံမျိုးစီစဉ်ထားကို သိလို ပါကြောင်း မေးမြန်းပါသည်။