(ခ)-စစ်ကိုင်းမြို့နယ်၊ ဆားတောင်မြို့တည်ဆောက်ရာ၌ ဌာနဆိုင်ရာအဆောက်အဦများ နေရာချထားရာတွင် အုပ်ချုပ်ရေးမှူးရုံး ဝန်ထမ်းအိမ်ရာဆောက်လုပ်နိုင်ရေးအတွက် မြေဧရိယာ(၁၂၀ ပေ x ၁၂၀ ပေ)အား ခွဲဝေ၊ ခွင့်ပြုချထားပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

2021-01-02

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ဆားတောင်မြို့သည် ပြည်ထဲရေးဝန်ကြီးဌာန၏ ၃-၁-၂၀၁၇ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ ၁၀/၂၀၁၇ ဖြင့် (၁၁)ရပ်ကွက်အား စုစည်း၍ ဆားတောင် မြို့အဖြစ် ဖွဲ့စည်းခဲ့ပြီး မြို့အင်္ဂါရပ်နှင့်အညီဖြစ်စေရေးအတွက် ဌာနဆိုင်ရာ ရုံးများဖြစ်သော အုပ်ချုပ်ရေးမှူးရုံး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဆားတောင်မြို့နယ် နယ်မြေရဲစခန်း၊ ဆားတောင်မြို့ လျှပ်စစ်အင်ဂျင်နီယာရုံး၊ ဆားတောင်နယ်မြေမီးသတ်စခန်း၊ ဆားတောင် တိုက်နယ်ဆေးရုံ၊ ဆားတောင်ကျေးလက်ကျန်းမာရေးဌာနတို့ဖြင့် ဆားတောင်မြို့နေ ပြည်သူများ အတွက် လူမှုစီးပွားကိစ္စများ လည်ပတ်ဆောင်ရွက်လျက်ရှိကာ ကျန်ဌာနဆိုင်ရာများ လိုအပ်လျက် ရှိ‌နေသေးပါကြောင်း၊ ယခုအခါ မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၊ မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် ခွင့်ပြုချထားငွေ ၉၉.၁ ကျပ်သန်းဖြင့် RC တစ်ထပ် (၁၂၀ x ၃၀)ပေရုံး ဆောက်လုပ်လျက်ရှိရာ ပြီးစီးပြီဟု ခန့်မှန်းရပါကြောင်း၊ ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် ထပ်မံ၍ မြို့နယ်အုပ်ချုပ်ရေးမှူးရုံး ဝန်ထမ်းအိမ်ရာ (၂၅ ပေ x ၃၅ ပေ) အဆောက်အဦ တစ်လုံး ချထားခဲ့ပါကြောင်း၊

၎င်းအဆောက်အဦဆောက်လုပ်ရန် ရုံးအတွင်းရှိရေကန်ကို မြေဖို့တည်ဆောက်မည်ဟု သိရပါကြောင်း၊ မြေဖို့ဆောက်လုပ်ပါက ခိုင်ခံ့မှုအားနည်းမည်ဖြစ်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူးရုံးနှင့် ကပ်လျက်ရှိသည့် ကျေးလက်ကျန်းမာရေးဌာနသည် မြေအကျယ် (အလျား ၃၃၇ ပေ x အနံ ၂၅၀ ပေ)ရှိကြောင်း တိုင်းတာသိရှိရပါကြောင်း၊ ကျေးလက်ကျန်းမာရေးဌာနတစ်ခု၏ မြေအကျယ် စံကိုက်သတ်မှတ်ချက်မှာ ပေ ၁၀၀ ပတ်လည်ဖြစ်၍ မြေဧရိယာများစွာ ပိုလျှံနေပါကြောင်း၊ ကျေးလက်ကျန်းမာရေးဌာနတွင် ဆေးကုသဆောင်(၁၀၀ ပေ x ၃၀ ပေ)တစ်ဆောင် (၂၅ ပေ x ၃၀ ပေ) ဝန်ထမ်းအိမ်ရာငါးဆောင်၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း မူကြို ကျောင်း (၃၀ ပေ x ၅၀ ပေ)ဝန်ထမ်းအိမ်ရာငါးဆောင် ဆောက်လုပ်ပြီးအသုံးပြုလျက်ရှိသည့်အတွက် အဆင်ပြေလျက် ရှိပါကြောင်း၊ ကျန်းမာရေးဌာနခွဲဝင်းအတွင်းမှမြေကို အုပ်ချုပ်ရေးဝန်ထမ်းအိမ်ရာ အတွက် အသုံးပြုလိုပါကြောင်း၊ စစ်ကိုင်းမြို့နယ်၊ ဆားတောင်မြို့တည်ဆောက်ရာတွင် ဌာနဆိုင်ရာ အဆောက်အဦများ နေရာချထား တည်ဆောက်ခြင်း အဆင်ပြေကောင်းမွန်ရန်အတွက် ကျေးလက် ကျန်းမာရေးဌာနဝင်းအတွင်းရှိ မြေဧရိယာ(၃၃၇ ပေ x ၁၂၀ ပေ)အတွင်းကပ်လျက်ရှိသည့် ဆားတောင်မြို့ အုပ်ချုပ်ရေးမှူးရုံး ဝန်ထမ်းအိမ်ရာဆောက်လုပ်နိုင်ရေးအတွက် မြေဧရိယာ(၁၂၀ ပေ x ၁၂၀ ပေ)ကို သက်ဆိုင်ရာမှ ခွဲဝေချထားပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါ သည်။