(ဆ)-မင်းလှမြို့နယ်ရှိ ရဲဝန်ထမ်းများနေထိုင်သော ဟောင်းနွမ်းအိမ်ရာအဆောက်အအုံများအား ဖျက်သိမ်း၍ အိမ်ရာအသစ် ဆောက်လုပ်ပေးရန်နှင့် အသုံးပြုရန်မသင့်လျော်သော မော်တော် ယာဉ် (၂) စီးအား အသစ်လဲလှယ်ပေးရန် အစီအစဉ် ရှိ/မရှိ တို့နှင့် စပ်လျဉ်းသည့်မေးခွန်း
2021-01-02
မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်တွင် ရဲတပ်ဖွဲ့ဝင်အင်အားသည် ၆၀ တွင် အိမ်ထောင်စုပေါင်း ၄၄ အိမ်ထောင်စု၊ လူဦးရေအားဖြင့် ၁၇၅ ဦးရှိပါကြောင်း၊ ရဲဝန်ထမ်းများနေထိုင်ရသည့် တိုက်တန်းများသည် ၁၉၆၀-၁၉၆၂ ခုနှစ်တွင် တည်ဆောက်ခဲ့ကြောင်း၊ သက်တမ်းအားဖြင့် နှစ်ပေါင်း ၅၀ ကျော်ကြာမြင့်ပြီဖြစ်ပြီး လူနေထိုင်ရန် မသင့်တော်သည့် အန္တရာယ်အဆောင်များ ဖြစ်နေကြောင်း၊ ၎င်းကိစ္စအား ကိုယ်တိုင်ကွင်းဆင်းလေ့လာပြီး သိရှိခဲ့ရပါကြောင်း၊ ထို့ကြောင့် ရဲဝန်ထမ်းများ၏ နေထိုင်ရေးကို အဆောက်အအုံ အသစ်ဆောက်လုပ်ပေးနိုင်ပါရန်နှင့် ၎င်းတို့၏ တာဝန်အရ သွားလာသည့်အခါတွင် အသုံးပြုသည့်ယာဉ် အဟောင်းနှစ်စီးအား အသစ်လဲလှယ်ပေး နိုင်ပါရန် အစီအစဉ်ရှိ/မရှိ သိလိုပါကြောင်း မေးမြန်းပါသည်။