(ည)-မိုင်းယန်းရဲတပ်ဖွဲ့ရုံး(၉၀ x ၃၀ x ၁၂)ပေ သံကူကွန်ကရစ်တစ်လုံး၊ (၄၀ x ၃၂ x ၁၂)ပေ Steel Structure တစ်ထပ်တစ်လုံး၊ခြောက်ခန်းတွဲနှစ်ထပ်(၁၂၆ ပေ x ၃၅ ပေ x ၆ လက်မ)+ ၂ x ၂(၂၀ x ၂၀)ပေ သံကူကွန်ကရစ်တစ်လုံးတို့အားဆောင်ရွက်ပေးရန်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

2021-01-02

 

(ည)-မိုင်းယန်းမြို့နယ်၊ ရဲတပ်ဖွဲ့မှူးရုံးတွင်လိုအပ်နေသော ရဲစခန်း(အချုပ်ခန်းပါ) (၉၀ x ၃၀ x ၁၂)ပေ သံကူကွန်ကရစ်တစ်လုံး၊ မြို့နယ်ရဲတပ်ဖွဲ့ရုံး (၄၀ x ၃၂ x ၁၂)ပေ Steel Structure တစ်ထပ်တစ်လုံး၊ ခြောက်ခန်းတွဲနှစ်ထပ် (၁၂၆ ပေ x ၃၅ ပေ x ၆ လက်မ)+ ၂ x ၂(၂၀ x ၂၀)ပေ သံကူကွန်ကရစ်တစ်လုံး တို့အား လာမည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးရန်အစီအစဉ်ရှိ/ မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

မိမိတို့မိုင်းယန်းမြို့နယ်တွင် ယိုယွင်းပျက်စီးနေသည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှူး ရုံးအဆောက်အဦများ ရှိပါကြောင်း၊ ဘေးတွင်အက်ကွဲနေမှုများ၊ မျက်နှာကျက်တွင် ပျက်စီးနေမှုများ ရှိပါကြောင်း၊ လိုင်းခန်း(၅)တွင် အမိုးများ ပျက်စီး ယိုယွင်းနေပါကြောင်း၊ လိုင်းခန်း၏ဘေးတွင် ထိုင်ခုံများ ပျက်စီးယိုယွင်းနေပါကြောင်း၊ ထို့ကြောင့် မိမိတို့ အမှန်တကယ်လိုအပ်နေသည့် အဆောက်အအုံများအား ရဲစခန်း (အချုပ်ခန်းပါ) သံကူကွန်ကရစ်တစ်လုံးနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး Steel Structure တစ်လုံး၊ မြို့နယ်ခြောက်ခန်းတွဲနှစ်ထပ်အဆောက်အအုံလိုင်းခန်း သံကူကွန်ကရစ်တစ်လုံးနှင့် သို့ဖြစ်ပါ၍ ၎င်းအဆောက်အအုံများကို  ယိုယွင်းပျက်စီးနေပါသဖြင့် လာမည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက် ပေးနိုင်ရန်အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။