(ခ)-ဆစ်(ခ်)လူမျိုးများအတွက်စာမေးပွဲဖြေဆို ခွင့် လျှောက်လွှာနှင့် အောင်လက်မှတ်များ တွင်ခေါင်းပေါင်း ပါသည့်ဓာတ်ပုံများဆက်လက် ခွင့်ပြုရန်အစီ အစဉ်ရှိ၊ မရှိ မေးခွန်း

2021-01-02

မိမိမဲဆန္ဒနယ်တွင် ဆစ်(ခ်)ဘာသာဝင် ပန်ချာပီလူမျိုးမိခင်တစ်ဦးမှ ၎င်း၏သား တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုခွင့်လျှောက်လွှာဦးဘိုဘိုဦး သက်ဆိုင်ရာသို့သွားလျှောက်ရာ သက်ဆိုင်ရာမှာ ဆစ်(ခ်)လူမျိုးတို့ ၏ ခေါင်းပေါင်းပါဓာတ်ပုံကြောင့် ဖြေဆိုခွင့်ရရန် မသေချာပါကြောင်း၊ စာမေးပွဲဝင်ခွင့်လျှောက်လွှာကို သက်ဆိုင်ရာမှ လက်ခံခဲ့ပြီး တစ်ပါတည်း အောင်လက်မှတ်ထုတ်ပေးမည်မဟုတ်ကြောင်း ကို ပြောကြား လိုက်သည့်အတွက် ၄.၁၀.၂၀၁၆ ရက်နေ့တွင် မိမိထံသို့ မိခင်မှပန်ကြားစာ ပေးပို့လာပါ ကြောင်း၊ ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလဆန်း တွင် ပညာရေးဌာနမှ တာဝန်ရှိသူတစ်ဦးနှင့် တွေ့ဆုံစဉ် ၎င်းကိစ္စအား မေးမြန်းခဲ့ရာ ခေါင်းပေါင်းပါ၍ မရကြောင်းကိုပြောခဲ့ပါကြောင်း၊ ၎င်းအဖြေအား ပန်ကြားသူမိခင်ထံ ရှင်းပြရာ ဆစ်(ခ်)လူမျိုးမိခင်မှ ၎င်းသည့်မဟုတ်မှန်သည့်ကိစ္စဖြစ်ကြောင်း၊ ၎င်း၏တူများ၊ မောင်များ အားလုံး ဆစ်(ခ်)ဘာသာဝင်ပန်ချာပီခေါင်းပေါင်းနှင့် တက္ကသိုလ်မှရရှိသော  ဘွဲ့လက်မှတ်များ၊ တက္ကသိုလ် ဝင်တန်းအောင်လက်မှတ်များ၊ မှတ်ပုံတင်များရှိကြောင်း မိမိအား အခိုင်အမာပြသခဲ့ ပါ ကြောင်း ၊ ၁၅.၁၂. ၂၀၁၆ ရက်စွဲဖြင့် ဒုတိယအကြိမ် အကူအညီ တောင်းခံစာကို အထောက်အထား အပြည့်အစုံဖြင့် ထပ်မံတင်ပြလာပါကြောင်း၊ တတိယပုံမှန်အစည်းအဝေးကျင်းပသည့် ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် ကြယ်ပွင့်ပြ မေးခွန်း အဖြစ် ပေးပို့ခဲ့ပါကြောင်း၊ ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ တွင် ပန်ကြားသူ မိသားစုထံသို့ စာမေးပွဲဖြေဆိုခွင့်ကဒ်ပြားကို လာရောက်ပေးသွားပါကြောင်း၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ခုနှစ် ၊ အခန်း(၈) နိုင်ငံသားများ၏ မူလအခွင့် အရေးနှင့်တာဝန်များဆိုသည့် ခေါင်းစဉ်အောက် ပုဒ်မ ၃၆၅ တွင် နိုင်ငံသားတိုင်းသည် ဥပ‌ဒေနှင့်အညီ မိမိတို့အမြတ်တနိုး ထားရှိသော စာပေ၊ ယဉ်ကျေးမှု၊ အနုပညာနှင်‌့ ဓလေ့ထုံးတမ်းတို့ကို လွတ်လပ်စွာ ပြုစုပျိုးထောင်ပိုင်ခွင်‌့ ရှိသည်ဟု ဖော်ပြထား ရှိပါကြောင်း၊ နိုင်ငံတစ်ဝန်းရှိ ဆစ်(ခ်)ဘာသာဝင် ပန်ချာပီလူမျိုးများအတွက် စာမေးပွဲဖြေဆိုခွင့် လျှောက်လွှာနှင့် အောင်လက်မှတ် များတွင်ပါသည့် ခေါင်းပေါင်းပါ သည့်ဓာတ်ပုံများ အသုံးပြုခြင်းအား ယခင်ခွင့်ပြုခဲ့သည့်အတိုင်း ဆက်လက်ခွင့်ပြုရန် အစီအစဉ်ရှိ /မရှိကို  သိလိုပါကြောင်း မေးမြန်းပါသည်။