(က)-ပင်လောင်းမြို့နယ်၊ပေါင်းလောင်းမြို့ရှိတလှိုင်း မှရွာသစ် အခြေခံပညာအထက်တန်းကျောင်း (ခွဲ) အား မည်သည့်ကာလတွင် အထက်တန်းကျောင်း အဆင့်သို့တိုးမြှင့်ပေးမည်ကိုသိလိုခြင်း နှင့်စပ်လျဉ်း သည့် မေးခွန်း
အထက်ပေါင်းလောင်းရေလှောင်တမံ တည်ဆောက်သည့်အခါ ကျေးရွာပေါင်း ၂၂ ရွာသည် ရေဝပ်ဧရိယာအောက်သို့ ရောက်သွားပြီးှ ပထမအကြိမ် ပြည်သူ့လွှတ်တော်တွင်လည်း မိမိအနေဖြင့် မေးမြန်း ခဲ့ပါကြောင်း၊ တာဝန်ရှိ ဝန်ကြီးဌာနအနေဖြင့်လည်း မူလအခြေအနေထက် ပို၍သာလွန် ကောင်းမွန်သော အစီအစဉ်ဖြင့် ဆောင်ရွက်ပေးပါမည်ဟု ကတိပေးခဲ့ပါကြောင်း၊
ပေါင်းလောင်းရေလှောင်တမံတည်ဆောက်ခြင်းသည် ကျေးရွာပေါင်း ၂၂ ရွာ ရေမြုပ်ခဲ့သည့်အတွက် စိုက်ပျိုးမြေများ၊ စေတီများ၊ဘုရားများ၊ ကျောင်းကန်များ၊စာသင်ကျောင်းများ၊ စာသင်ခန်းများ ပြောင်းရွှေ့ခဲ့ရ ပါကြောင်း၊တလှိုင်းမှ ရွာသစ်အခြေခံအလယ်တန်းကျောင်း(ခွဲ) ကျောင်းဆောင်သစ်ကို အစိုးရ၊ အလှူရှင်၊ ကျေးရွာသမအသင်းပိုင်မြေများကို ရောင်းချ၍ မတည်ပြီး တည်ဆောက် ထားပါကြောင်း၊ ကျောင်း အတွက် ကျောင်းပိုင်ဧရိယာနှင့် ပုံစံ(၁၀၅)ကို ပုံစံတကျ တည်ရှိပြီး တိုးချဲ့ရန်အတွက်လည်း ရေကန်အသင့်ကြာအသင့်ဖြစ်ပါကြောင်း၊သို့ဖြစ်ပါ၍ ပင်လောင်းမြို့နယ်၊ ပေါင်းလောင်းမြို့ရှိ တလှိုင်းမှ ရွာသစ် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)အား မည်သည့်အချိန်တွင် အထက်တန်းကျောင်း အဆင့်သို့ တိုးမြှင့်ပေးမည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။