(ဂ)-ရှမ်းပြည်နယ်(တောင်ပိုင်း)၊လွိုင်လင်မြို့အခြေ ခံပညာအထက်တန်းကျောင်းခွဲအားအခြေခံပညာအ ထက်တန်းကျောင်းအဆင့်သို့တိုးမြှင့်ရန်အစီအစဉ် ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

2021-01-02

ဦးခင်မောင်သီ ( လွိုင်လင်မဲဆန္ဒနယ်) ရှမ်းပြည်နယ် (တောင်ပိုင်း)၊လွိုင်လင်မြို့ ယခင် အ.လ.က(၂) ကျောင်း အခြေခံပညာအထက်တန်းကျောင်းခွဲတွင် တာဝန်ယူ ပညာသင်ကြားပေးနေသည့် ဆရာ/ဆရာမများ၏ သင်ကြားပြသမှု ကောင်းမွန်မှုများကြောင့် လည်းကောင်း၊ ကျောင်းစည်း ကမ်း ကောင်းမွန်မှုများကြောင့် လည်းကောင်း၊ ကျောင်းသား/ကျောင်းသူဦးရေ များပြားလာပြီး ကျောင်းသား/ကျောင်းသူများ၏ စာမေးပွဲအောင်မြင်မှု တိုးတက်လျက်ရှိပါကြောင်း နှင့် ကျောင်းသား/ကျောင်းသူများ၏ မိဘများမှလည်း ဝိုင်းဝန်းပူးပေါင်းဆောင်ရွက် လျက်ရှိရာ အခြေခံပညာ သင်ကြားမှုကို အထောက် အကူပြုလျက် ရှိပါကြောင်း၊ထို့ကြောင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊လွိုင်လင်မြို့ အခြေခံပညာ အထက်တန်းကျောင်းခွဲအား အခြေခံပညာအထက်တန်းကျောင်း အဆင့်သို့ အဆင့်တိုးမြှင့် ပညာသင်ကြားခွင့်ပြုရန် အစီအစဉ်ရှိ/မရှိ၊ အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် အဆင့်တိုးမြှင့် ပညာသင်ကြားခွင့်ပြုပါမည်နှင့် အစီအစဉ်မရှိပါက မည်သည့်အတွက်ကြောင့်ဖြစ်သည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။