(ခ)-ကျွန်းစုမြို့နယ်အတွင်းရှိအခြေခံပညာကျောင်း များအား Sanction နှင့် အဆင့်တိုးမြှင့်ပေးနိုင်ခြင်း ရှိ၊မရှိနှင့်မကျီးကျွန်းကိုယ်ထူကိုယ်ထကျောင်းအား အ.မ.က- Sanction ၌ ထားပေးနိုင်ခြင်းရှိ၊မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

2021-01-02

ဒေါ်တင်တင်ရီ(ကျွန်းစု မဲဆန္ဒနယ်)ပြည်မင်းကြီးကျေးရွာအုပ်စု မကျီးကျွန်းကျေးရွာသည် ပြည်ထဲရေးလက်အောက်တွင် တရားဝင်အသိ အမှတ်ပြုထားပြီးဖြစ်သော်လည်း ကျောင်းသား ၁၂၃ ဦး တက်ရောက်သင်ကြားနေသည့် ကိုယ်ထူ ကိုယ်ထ အ.မ.က ကျောင်းသည် လွန်ခဲ့သည့် ၁၂ နှစ်ကပင် ကိုယ်ထူကိုယ်ထကျောင်း တစ်ကျောင်း ဖြစ်ခြင်းကြောင့် ပညာရေးဌာန၏ ထောက်ပံ့မှုကို မရရှိခဲ့ပါကြောင်း၊ ကျောင်းသားအရေအတွက်မှာ နှစ်စဉ်တိုးတက်လာ၍ နိုင်ငံတော်မှ အထောက်အပံ့ရရှိနိုင်ရန် အ.မ.က - Sanction ကျောင်းအဖြစ် ချထားပေးရန် တင်ပြတောင်းဆိုခြင်းဖြစ်ပါကြောင်း၊

မင်းဂုတ် ကျောင်းသည် အ.လ.က(ခွဲ)ဖြင့် ပညာသင်ကြားပေးနေသည်မှာ လေးနှစ်ခန့်ရှိပြီဖြစ်ပါ၍ အလယ်တန်းအဆင့်တိုးမြှင့်ပေးပါရန် နှင့် သဇင် အ.ထ.က(ခွဲ)ကျောင်းတွင် ပညာသင်ယူရန်အတွက် ရေလမ်းခရီး ၁၀ မိုင်ခန့် ကွာဝေးခြင်း၊ ငွေရေးကြေးရေး အခက်အခဲ တို့ကြောင့် ပညာတစ်ပိုင်းတစ်စနှင့် ကျောင်းထွက်ခဲ့ရသည့် ကျောင်းသားများ ရှိခဲ့ပါကြောင်း၊

ကျွန်းစု မြို့နယ်အတွင်းရှိ စစ်ဘုကျေးရွာ အ.လ.က (မူလွန်)ကျောင်းသည် အ.လ.က (ခွဲ)ဖြစ်ပြီး အနီးဆုံးကျောင်းနှင့် ရေမိုင် ၁၀ မိုင်ကွာဝေးပါကြောင်း၊ မင်းဂုတ်ကျောင်း အ.လ.က(ခွဲ)သည် အနီးဆုံး ကျောင်းနှင့် ရေမိုင် ၁၀မိုင်၊ ချောင်းချိုး အ.လ.က(ခွဲ)မှ အနီးဆုံးကျောင်းသို့ ရေမိုင် ၁၄ မိုင်၊ ရေကန် အော် အ.လ.က(ခွဲ)မှ အ.လ.က ကျောင်းသို့ ရေလမ်းခရီးဖြင့် အနည်းဆုံး နှစ်နာရီကြာပါကြောင်း၊ တောနောက်လယ် အ.လ.က မမူလွှာမှာ အ.လ.က (ခွဲ)ကျောင်းသို့ အနီးဆုံးရေမိုင် ၃ မိုင်၊ မိုင်းသွေးကွက်သစ် အ.မ.ကမှာ အ.မ.က (မူလွန်) သို့ အနီးဆုံးရေမိုင် တစ်မိုင် ၊ လင်မလို အ.မ.က မှ အ.မ.က(မူလွန်)သို့ အနီးဆုံးကျောင်းသို့ နှစ်နာရီခန့် ရေလမ်းခရီးဖြင့် သွားရပါကြောင်း၊ မန်ကျည်းကြော ကိုယ်ထူကိုယ်ထ အ.မ.ကကျောင်းသည် အနီးဆုံးကျောင်းသို့ ရေမိုင် လေးမိုင်ခန့် ကွာဝေးသဖြင့် ကျောင်းများအဆင့်တိုးမြှင့်ပေးရန် ၂၀၁၆ ခုနှစ်တွင် တင်ပြထားခြင်းဖြစ်ပါကြောင်း၊  အဆိုပါ ကျောင်းများကို အဆင့်တိုးမြှင့်ပေးရန် အစီအစဉ်ရှိ/မရှိ၊ မန်းကျည်းကြော ကိုယ်ထူကိုယ်ထ ကျောင်းကို အ.မ.က Sanction အဖြစ် ထားပေးနိုင်ခြင်းရှိ/မရှိတို့ကို သိလိုပါကြောင်းနှင့် အစီအစဉ်ရှိပါက မည်သည့်အချိန် တွင် ချမှတ်ပေးပါ၍ အစီအစဉ်မရှိပါက မည်သည့်အတွက်ကြောင့် ဆိုသည်ကိုသိလိုပါ ကြောင်း မေးမြန်းပါသည်။