(စ)-အခြေခံပညာပုံနှိပ်ဖတ်စာအုပ်များရိုက်နှိပ်ခွင့်နှင့် ပတ်သက်၍ပညာရေးဝန်ကြီးဌာနမှမည်သူကတာဝန် ခံမည်နှင့် ကျောင်းသုံး ဖတ်စာအုပ်များ အသစ်များ သည်ကျောင်းသားများလက်ထဲသို့အရောက်ခင်ပြင်ပ တွင် ရောင်းချနေခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း
ကျောင်းဖွင့်တဲ့အချိန်တွင် စာအုပ်များအချိန်မီမရရှိခြင်းနှင့် ကျောင်းသားအရေအတွက်အတိုင်း မရရှိသည့်အခါ မိမိတို့က ၎င်းကိစ္စကို မည်သူတာဝန်ခံမည်နည်းဟု မြို့နယ်ကိုမေးပါကြောင်း၊ မြို့နယ်က ခရိုင်၊ခရိုင်က ပြည်နယ်၊ ပြည်နယ်က ပြည်ထောင်စုက မလာလို့ဆိုသည့် အဆင့်ဆင့်တာဝန်ခံမှုဖြင့်သာ သွားပါကြောင်း၊ နိုင်ငံတော် ဘတ်ဂျက်နှင့် ဒီစာအုပ်များ ရိုက်နှိပ်ပြီး ပြည်သူကို ပေးမည်ဟုလည်း တရားဝင်ပြော ထားပါကြောင်း၊ ကျောင်းသားများကိုလည်းပေးမည်ဟု တရားဝင်ပြောထားပါကြောင်း၊ သို့သော် ကျောင်းသားများ ကို နိုင်ငံတော်ကပေးသော် လည်း ကျောင်းသားများထံသို့ မရောက်ဘဲဖြစ်နေပါကြောင်း၊ထိုကိစ္စနှင့်ပတ်သက်ပြီး ဝန်ကြီးဌာနအနေဖြင့် စီမံခန့်ခွဲပါသလား/ တင်ဒါပေး ပါသလား။ ထိုကဲ့သို့ပေးမည်ဆိုလျှင်လည်း ကုမ္ပဏီနှင့်ပတ်သက်ပြီး မည်ကဲ့သို့ Agreements မျိုးများ ရှိပါသနည်းဆိုသည်ကို သိချင်ပါကြောင်း၊
ကျောင်းသုံးစာအုပ်များက ယခုလိုပေးသည့်အခါ ကျောင်းသားအရေအတွက်နှင့် ပြည့်ပြည့်ဝဝမရသော်လည်း အပြင်ကျ လျှင်ဝယ်လို့ရ ပါကြောင်း၊ ကျောင်းသုံး စာအုပ်နှင့် ပတ်သက်ပြီး နိုင်ငံတော်က ကျောင်းသားများကို အခမဲ့ပေးပြီး ကျောင်းသားများက မရရှိပါကြောင်း၊ ထို့ အတွက်ကြောင့် ပြင်ပမှာ ယခုလိုရောင်းချနေခြင်းနှင့် ပတ်သက်ပြီး မည်ကဲ့သို့ စီမံဆောင်ရွက်ရန် ရှိပါသနည်းဆိုသည့် မေးခွန်းကို သိရှိလိုပါကြောင်း မေးမြန်းရခြင်းဖြစ်ပါသည်။