(င)-ပညာရေးဝန်ထမ်းများအတွက်တရားဝင်ခွင့်ပြု ထားသောမီးဖွားခွင့်(၆)လခွင့်ယူနေစဉ်အတွင်း၎င်း လစ်လပ်နေရာများအတွက်မည်ကဲ့သို့စီမံဆောင်ရွက် ထားသည်ကိုသိလိုခြင်းနှင့်စပ်လျဉ်းသည့်aမးခွန်း

2021-01-02

 

ဒေါ်နန်းမိုး (မန်တုံ ) ပထမအကြိမ် လွှတ်တော်သက်တမ်းတွင် ပညာရေးဝန်ထမ်းများအတွက် မီးဖွားခွင့်ခြောက်လအတွက် လွှတ်တော်၌ အတည်ပြုပြဋ္ဌာန်း ခဲ့ပါကြောင်း၊ ၎င်းအတည်ပြုပြဋ္ဌာန်း ချက်သည် ကောင်းမွန်သော ပြဋ္ဌာန်းချက်ဖြစ်သော်လည်း အမှန်တကယ်လက်တွေ့ကျင့်သုံးသည့်အခါ များစွာ အခက်အခဲ ရှိနေပါကြောင်း ၊ တစ်နှစ်လျှင် ပညာသင်ကာလ ၁၀လ ရှိပြီး ၂၀၁၅-၁၆ ပညာသင်နှစ်တွင်  မန်တုံမြို့၌ မီးဖွားခွင့် နှစ်ဦးရှိပြီး စာသင်နှစ်သာကုန်သွားသော်လည်း အချိန်မီအစားထိုး ရောက်မလာခြင်းကြောင့် ဆရာ/ဆရာမ များ အခက်အခဲများနှင့် ရင်ဆိုင်ရပါကြောင်း၊  ထို့အပြင် ဆရာ/ဆရာမနှစ်ဦး သာ ခန့်ထားနိုင်သည့် မြို့နယ်ရှိဝေးလံပြီး ဆက်သွယ်ရေးခက်ခဲသည့် အချို့ကျေးရွာများရှိ မူလတန်း ကျောင်းများတွင် ဆရာမတစ်ဦး မီးဖွားခွင့်ယူလိုက်လျှင် ကျန်သည့် ဆရာမတစ်ဦးနှင့် ကလေးငယ်များ အတွက် များစွာ အခက်အခဲရှိပါကြောင်း၊သို့သော် မီးဖွားခွင့်ခြောက်လ အတွက် ပညာရေးတွင် ရင်ဆိုင်နေရသော အခက်အခဲပြဿနာ များစွာရှိနေသေးပါကြောင်း၊ အထူးသဖြင့် ဆရာမ တစ်ဦးမီးဖွားခွင့် ယူနေစဉ်လည်းကောင်း၊ ၎င်းလစ်လပ် နေရာများတွင် အချိန်မီအစားထိုး မပေးနိုင်ခြင်း၊  တခြားဆရာ/ဆရာမများ တာဝန်ယူ သင်ကြားရခြင်းတို့ကြောင့် သင်ကြားရသည့် ဆရာမများသည် သတ်မှတ်ချိန်ထက် စာသင်ချိန်များ ပိုများလာခြင်း၊မိမိ၏ဘာသာရပ်မဟုတ်ဘဲ သင်ကြားရခြင်းကြောင့် ကျောင်းသူ/ကျောင်းသားများအတွက် များစွာနစ်နာ မှုရှိခြင်း စသည့် အခက်အခဲများနှင့် ကြုံတွေ့နေရ ပါကြောင်း၊ ဝန်ထမ်းများနေရာချထားမှုကို မြို့နယ်ပညာရေးမှူးအနေဖြင့် စီမံခန့်ခွဲပိုင်ခွင့်ရှိသော်လည်း ဝန်ထမ်း အင်အား မလုံလောက်ပါက စီမံခန့်ခွဲနိုင်မှာမဟုတ်ပါကြောင်း၊ ထို့ကြောင့် ဝန်ကြီးဌာနအနေဖြင့် ပညာရေးဝန်ထမ်းများ တိုးမြှင့်ခန့်အပ်ထားမှသာလျှင် တာဝန်ခံရသော ဆရာ/ဆရာမများအနေဖြင့် တာဝန်ကိုကျေပွန် စွာ ဆောင်ရွက်နိုင် မည်ဖြစ်ပါကြောင်း နှင့် ကျောင်းသူ/ ကျောင်းသားများစာသင်ယူမှုပိုင်းတွင် နစ်နာမှုမရှိစေရန်အတွက် မည်ကဲ့သို့ဆောင် ရွက်ထားသည်ကို သိရှိလို ပါကြောင်း မေးမြန်းပါသည်။