(ဃ)-အလုံမြို့နယ်ရှိမြို့နယ်ပညာရေးမှူးရုံးမြေနေရာ အားအဏ္ဏဝါမင်းဆောက်လုပ်ရေးကုမ္ပဏီကဆောင် ရွက်နေသော မြို့နယ်ပညာရေးမှူးရုံးအား ဆောက် လုပ်ပေးပြီးကျန်မြေနေရာများအားကုမ္ပဏီမှမည်ကဲ့ သို့ဆောင်ရွက်၍နိုင်ငံတော်အတွက်အကျိုးရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း
ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၊ ဗဟိုလမ်း၊ မြေတိုင်းရပ်ကွက်အမှတ် (၂၄/အေ)၊ မြေကွက် အမှတ်(၄၁)၊ မြေဧရိယာအကျယ် (၁၃၉/၁၆၆)ပေ၊ မြို့နယ်ပညာရေးမှူးရုံး မြေနေရာအစိတ် အပိုင်း သည် ၄၅ x ၃၅ ပေ၊ RC ၃ထပ်တိုက်၊မြို့နယ်ပညာရေးမှူးရုံး ကို ဆောက်လုပ် ခွင့်ပြုကြောင်း ဆောက်လုပ်မှုကို ပညာရေးဝန်ကြီးရုံး၏ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးအမှတ်စဉ် (၆/၂၀၁၅) ဖြင့် သဘောတူညီ ခဲ့ပါကြောင်း ၊ ယခုအခါ အဏ္ဏဝါမင်းဆောက်လုပ်ရေးကုမ္ပဏီမှ အလုံမြို့နယ် ပညာရေးမှူးရုံး အသစ်ဆောက်လုပ်ခြင်းလုပ်ငန်း စတင်ဆောင် ရွက် မည်ဖြစ်ကြောင်းကို ၂၀.၇.၂၀၁၆ ရက်နေ့တွင် မြို့နယ်ပညာရေးမှူးရုံးသို့ို အကြောင်းကြားလာပါကြောင်း၊ နိုင်ငံတော် အစိုးရအနေဖြင့် ပညာရေးကဏ္ဍတိုးတက်မြင့်မားရေးအတွက် အထူးဦးစားပေးဆောင်ရွက်နေသည့် အခြေအနေ ဖြစ်ပါ ကြောင်း၊ ယခုမြေနေရာသည် အလွန် တန်ဖိုးရှိသော မြေနေရာဖြစ်ပြီး အချက်အခြာကြ၍ မြေလွတ်များ ရှားပါးနေသည့် နေရာလည်းဖြစ်ပါကြောင်း၊ အကယ် ၍ ပညာရေးကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် သုတေသနလုပ်ငန်းများ၊ပညာရေးနှင့်သက်ဆိုင်သော သင်တန်းကျောင်း များ ဆောက်လုပ်ရန် ၎င်းမြေနေရာကို ထားရှိပါက ပိုမိုသင့်တော်မည်ဟု ယူဆပါကြောင်း၊ ၎င်းမြေနေရာအား အဏ္ဏဝါမင်း ဆောက်လုပ်ရေးမှ မည်သို့ဆောင်ရွက်၍ ပညာရေး ဌာန နှင့် နိုင်ငံတော်အတွက် မည်သို့အကျိုးရှိမည်ကို ပွင့်လင်းမြင်သာစွာ မရှိသည်ကိုတွေ့ရှိရသဖြင့် သိလို ပါကြောင်းဖြင့် မေးမြန်းပါသည်။