(င)-ဗိုလ်တထောင်မြို့နယ်မှကြည့်မြင်တိုင်မြို့နယ် အထိ ဖောက်လုပ်ထားသော ကမ်းနားလမ်းသစ် စီမံကိန်းကို မည်သည့်စနစ်ဖြင့် ဖောက်လုပ်ခဲ့ပြီး လမ်းဖြတ်သန်းခ အခွန်ငွေများကိုရသုံးမှန်းခြေငွေ စာရင်းသို့ ထည့်သွင်းခြင်း ရှိ/မရှိနှင့် စပ်လျဉ်း သည့် မေးခွန်း

2021-01-02

ဗိုလ်တထောင်မြို့နယ်မှ ကြည့်မြင်တိုင်မြို့နယ်အထိဖောက် လုပ်ထားသော ကမ်းနားလမ်းသစ် စီမံကိန်းကို ၂၀၁၀ ပြည့်နှစ်ဦးရဲလွင် (အလုံ) ဇူလိုင်လတွင် အေးရှားဝေါလ်ကုမ္ပဏီမှ စတင်ဖောက်လုပ်ခဲ့ပြီး ၅ မိုင်ခန့်ရှည်လျားသော လမ်းအကျယ်ပေ ၆၀ ခန့် ကျယ်ဝန်းပါကြောင်း၊ အေးရှားဝေါလ် Container ဆိပ်ကမ်းအပါအဝင် Container ဆိပ်ကမ်းအားလုံးမှ Container ယာဉ်များသည် ၎င်း လမ်းမကြီးမှ ဖြတ်သန်းကြရပါကြောင်း၊ ကမ်းနားလမ်းသစ် စီမံကိန်းဖောက်လုပ်စဉ် ရန်ကုန်မြို့တော်စည်ပင် သာယာရေး ကော်မတီမှ စီမံခန့်ခွဲခြင်း မဟုတ်ဘဲ ပို့ဆောင်ရေး ဝန်ကြီးဌာနက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့နှင့် ပူးပေါင်းဆောင်ရွက်မည်ဟု သိရှိရပါကြောင်း၊ အေးရှားဝေါလ်ကုမ္ပဏီမှ စီမံကိန်းဒါရိုက်တာကလည်း ၎င်းတို့ကုမ္ပဏီတွင် စီမံကိန်း ကန်ထရိုက် မဟုတ်ဘဲ ပို့ဆောင်ရေးဝန်ကြီးဌာနကို ကူညီဆောင်ရွက်သွား မည်ဖြစ်ကြောင်း ၉-၇-၂၀၁၀ ရက်နေ့တွင် ပြောကြားခဲ့ပါကြောင်း၊ ၁၈-၂-၂၀၁၃ ရက်နေ့တွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) မှ အေးရှားဝေါလ်ကုမ္ပဏီအား တိုးဂိတ်ဖြင့် အခကြေးငွေ ကောက်ခံခွင့်ပြုခဲ့ပါကြောင်း၊ ယခုအခါ ကောင်းမြတ်သော မြေကုမ္ပဏီ (Virtue Land Co.,Ltd)မှ Container တစ်စီးလျှင် ၄၀၀၀ ကျပ်နှင့် ယာဉ်ငယ်တစ်စီးလျှင် ၁၅၀၀ ကျပ်ကောက်ခံပြီး နှစ်စဉ်ဝင် ငွေအမြောက်အမြား ရရှိနေသည်ဟုလည်းသိရှိရပါကြောင်း၊

သို့ဖြစ်ပါ၍ ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်မှ ကြည့်မြင်တိုင် မြို့နယ်အထိ ဖောက်လုပ်ထားသော ကမ်းနားလမ်းသစ် စီမံကိန်းကို မည်သည့်စနစ်ဖြင့် ဖောက်လုပ်ခဲ့ပြီး လမ်းဖြတ်သန်းခ အခွန်ကောက်ငွေများကို ပြည်ထောင်စုဘဏ္ဍာငွေ ရသုံးမှန်းခြေငွေ စာရင်းသို့ ထည့်သွင်းထားခြင်းရှိ/မရှိနှင့် မည်သည့်ဝန်ကြီးဌာန သို့မဟုတ် အဖွဲ့အစည်းနှင့် အကျိုးတူဆောင်ရွက်ထားသည်ကို သိရှိလို ပါကြောင်း မေးမြန်းပါသည်။