(ဃ)-ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ ဦးဝိစာရ လမ်းကို ၂၀၁၅ ခုနှစ်အတွင်းက ကတ္တရာကွန်ကရစ် တန် ၁၇၀အသုံးပြုပြင်ဆင်ခြင်းနှင့်ပတ်သက်၍ကွင်းဆင်း စုံစမ်းစစ်ဆေးခဲ့ခြင်းနှင့်ကြားသက်သေများကိုခေါ်ယူ စစ်ဆေးခဲ့ခြင်းရှိ၊မရှိတို့နှင့်စပ်လျဉ်းသည့်မေးခွန်း
မိမိလွှတ်တော်အတွင်း ရောက်ရှိချိန်တွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)ရှိ ဦးဝိစာရလမ်း သည် ဆိုးရွားစွာပျက်စီးနေသည့် အတွက် မြို့နယ်ရှိပြည်သူများ၏တောင်းဆိုချက်အရ ပြင်ဆင်ရန် လွှတ်တော်တွင်တင်ပြခဲ့သော်လည်း ၎င်းလမ်းကို ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် ပြင်ဆင်ရန် ဘတ်ဂျက်တွင်မပါလာပါကြောင်း၊ထို့ကြောင့်မည်သည့်အချိန်တွင် ပြင်ဆင်ပေးနိုင်ခြင်းရှိ/မရှိကို ကြယ်ပွင့်ပြမေးခွန်းပေးပါကြောင်း၊ ဆောက်လုပ်ရေးဝန်ကြီးမှ ဖြေဆိုသည့်ထဲတွင် ၎င်းလမ်းကို ၂၀၁၅ ခုနှစ် သြဂုတ်လ၊ စက်တင်ဘာလ ၊ အောက်တိုဘာလ၊ နိုဝင်ဘာလ၊ ဒီဇင်ဘာလ ငါးလတွင် ကတ္တရာ တန် ၁၇၀ အသုံးပြုပြီးပြင်ဆင်ပေးထားပြီးဖြစ်သည့်အတွက် ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် ပြင်ဆင်ပေးနိုင်ခြင်း မရပါကြောင်း၊ နောက် ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်မှသာလျှင် တိုးချဲ့ပြင်ဆင်ပေးသွား မည်ဟု ပြန်လည် ဖြေကြားခဲ့ပါကြောင်း၊ သို့သော် မိမိအနေဖြင့် တန် ၁၇၀ ရှိသည့်ကတ္တရာများ လာရောက်ပြုပြင်သည်ကို မတွေ့ပါကြောင်း၊ ထို့ကြောင့်ကြယ်ပွင့်မပြမေးခွန်းဖြင့် ၎င်းကတ္တရာများ မည်သို့ ပျောက်ဆုံးသွားသည် ကြောင်းနှင့် ရပ်ကွက်အကြီးအကဲများဖြစ် သည့် ၃၄ ရပ်ကွက်၊၄၁ ရပ်ကွက်၊ ၄၁ တိုးချဲ့ရပ်ကွက်၊ ၄၂ ရပ်ကွက်၏ ရပ်ကွက်အုပ်ချုပ်ရေးမှူးများအပြင် မဟာမြိုင်သာယာရေးကော်မတီ၊ တော်ဝင်သာယာရေး ကော်မတီ၊ စက်မှုဇုန်သာယာရေး ကော်မတီ တို့ကို ခေါ်ယူမေးမြန်းသင့်သည်ဟု မိမိကမေးခွန်းမေးခဲ့ရာ မြေပြင်ကိုဆင်းကြည့်လေ့လာခြင်း အဖွဲ့ဖွဲ့ပြီးစုံစမ်းစစ်ဆေးခြင်း၊Third Party ဖြစ်သည့် ကြားသက်သေခေါ်ပြီး မေးမြန်းခြင်းများမပါဘဲ On paper အဖြေသာဖြေ ဆိုခဲ့ပါကြောင်း၊ ထို့ကြောင့် မိမိအနေဖြင့် မေးခွန်းထပ်မေးရခြင်းဖြစ်ပါကြောင်း၊
ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဖြေကြားချက်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာနက အရာရှိကြီးများ က အရှည်၁.၁ မိုင်၊ အကျယ် ၁၆ ပေရှိသည့်လမ်းကို ကတ္တရာခင်းခြင်း နိုင်လွန်ကတ္တရာထပ်ပိုးလွှာတင်ခြင်း အောက်မှကွန်ကရစ်လမ်းဖြင့် အမာခံပြုလုပ်ခြင်း များ ဆောင်ရွက်ပါကြောင်း၊ တစ်လက်မအထူ တန် ၄၀ သုံးရပါကြောင်း ပြန်လည်ဖြေကြားထားပါသည်။ သို့သော် ကတ္တရာတန် ၁၇၀ရှိသောကြောင့် လေးလက်မအထူ နိုင်လွန်ကတ္တရာလမ်းကြီးခင်းလို့ရပါကြောင်း၊ မြေပြင်ကိုဆင်းကြည့်ရာတွင် ၎င်းကွန်ကရစ်လမ်းတွင် ချိုင့်များဖာထားသော်လည်း နဂိုမူလကွန်ကရစ်လမ်း ၆၀ ရာခိုင်နှုန်း၊ ၇၀ ရာခိုင်နှုန်း ခန့်သည် နဂိုကွန်ကရစ်လမ်းပင်ဖြစ်ပါကြောင်း၊ ထို့ကြောင့် တစ်မိုင်နီးပါးရှည်သည့် လမ်းတွင် အပေါက်များဖာခြင်းသည် ကတ္တရာ တန် ၁၇၀ ကုန် ခြင်းရှိ/မရှိနှင့် Third Party ဟုခေါ်သည့်ကြား အဖွဲ့အစည်းများကိုလည်း မေးမြန်းစုံစမ်းခဲ့ခြင်း ရှိ/မရှိ မိမိအနေဖြင့်မေးမြန်းလိုပါသည်။