(ဂ)-တောင်ဥက္ကလာပ မြို့နယ် ၇ ရပ်ကွက်ရှိ မင်းရဲကျော်စွာ၅လမ်းx၆လမ်းကြား၊မင်းရဲကျော်စွာ ၅ လမ်း(ခ) x ၉ လမ်း(ခ)ကြားနှင့် ၅ ရပ်ကွက်ရှိ ပင်းယ ၁၇ လမ်း x ၁၈ လမ်းကြား မြေကွက်တို့ကို ဂရန် ချထားပေးခြင်းကို တားဆီးပေးနိုင်ပါရန်နှင့် စပ်လျဉ်းသည့်မေးခွန်း
2021-01-03
၁၉၅၈ ခုနှစ် တောင်ဥက္ကလာပမြို့နယ်ကို စတင်တည်ထောင်စဉ်က မြေကွက်အချို့ကို မီးတားမြေ အဖြစ်လည်းကောင်း၊သဘာဝဘေးအန္တရာယ်တစ်ခုခုဖြစ်ပါက ရှောင်တိမ်းနိုင်ရန် ပလပ်မြေများအဖြစ် လည်းကောင်း ထားရှိခဲ့ ပါကြောင်း ၊ နှစ်ပေါင်း များစွာတည်ရှိခဲ့သော်လည်း အစိုးရအသစ် အပြောင်းအလဲ ကာလတွင် လူအချို့မှ ၎င်းမြေကွက်များအား ပိုင်ဆိုင်ကြောင်း ခြံစည်းရိုးခတ်ခြင်း၊ သတင်းစာများတွင် ဂရန်လျှောက်ရန်အတွက် မြေငှားခြင်းများပြုလုပ်လာသည့် အတွက် ရပ်ကွက်ပြည်သူများမှ ကန့်ကွက် ခြင်း၊ ဌာနဆိုင်ရာများသို့ တိုင်ကြားခြင်းများ ဆက်တိုက်ပြု လုပ်နေကြပါကြောင်း၊သို့ဖြစ်ပါ၍ မြို့နယ်၏ လိုအပ်ချက်အရ နှစ်ပေါင်းများစွာ မီးတားမြေ၊ ပလပ်မြေအဖြစ်တည်ရှိခဲ့သော မြေကွက်များအား မူလ အတိုင်းထားရှိပေးပါရန်နှင့် သက်ဆိုင်ရာ ဌာနအနေဖြင့် မည်သို့စီစဉ်ထားသည်ကို သိလိုပါကြောင်းဖြင့် မေးမြန်းပါသည်။