(ဂ)-ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနမ့်ဆန်မြို့ နယ်ရှိသီပေါ၊ပန်လုံ၊နမ့်ဆန်လမ်းအပိုင်းရှိ(၃မိုင်၁ဖာ လုံ) အားလမ်းအကျယ်၂၅ပေ လမ်းချဲ့ခြင်းနှင့် လီ လုဘေလီတံတားအား သံကူကွန်ကရစ် တံတား အဖြစ် မြှင့်တင်ပေးရန်အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်း သည့် မေးခွန်း
မေးခွန်း အကြောင်းအရာ
မိမိတို့ တောင်ပေါ်ဒေသ သည် လမ်းဘေး တစ်ဖက် တစ်ချက်တွင် ကျောက်တောင်များ ရှိနေသည့် လမ်းများဖြစ်နေသည့် အတွက် လမ်းချဲ့၍မရသည့်အပိုင်းမှာ ၃ မိုင်နှင့် ၁ ဖာလုံရှိနေ ပါကြောင်း၊ တောင်ပေါ်လမ်းများသည် အကွေ့ အကောက်များပြီး အတက်အဆင်းများသည့်အတွက် လမ်းကျဉ်းသည့်နေရာတွင် မမျှော်လင့်ဘဲ အက်ဆီးဒင့်များဖြစ်ပြီး နစ်နာဆုံးရှုံးမှု များဖြစ်နေ သည် ကို တွေ့ကြရပါကြောင်း၊ တောင်ပေါ်ဒေသများသည် မိုးများသည့် အတွက် လမ်းပြိုခြင်း၊ မြေပြိုခြင်းများ ဖြစ်ပြီး သွားလာရေးကို များစွာအနှောင့်အယှက်ဖြစ်စေပါကြောင်း၊ ထို့ကြောင့်လမ်း များ၊ ကျောက်သား နံရံများကို မိုင်းဖြင့်ဖောက်ပြီး လမ်းချဲ့ပေးခြင်းမျိုးများ ဖြစ်စေချင်ပါကြောင်း၊ လမ်းချဲ့ပြီးနောက် ကတ္တရာခင်းပေးစေချင်ပါကြောင်း၊
လီလုတံတားသည် လီလုချောင်းပေါ်တွင် ပေ ၄၀၀ ကျော်တည်ဆောက်ထားပြီး လက်ရှိ အသုံးပြုနေကြရပါကြောင်း၊ လီလုချောင်း သည် တောင်ကျရေများ စီးဆင်းနေသည့် အတွက် ရေစီးသန် ပါကြောင်း၊ ၁၉၉၀ ခန့်က တည်ဆောက်ထားသည့်တံတားဖြစ်သည့်အတွက် ခံနိုင်ရည်အား လျော့ကျနေသည့်အတွက် တံတားကြီး ပျက်သွားမှသာလျှင် တံတားသစ်တစ်စင်းကို တည်ဆောက် မည် ဆိုပါက နမ့်ဆန်မြို့ဒေသခံများအတွက် လမ်းပန်းဆက်သွယ်ရေး များစွာအ ခက်အခဲ ဖြစ်သွားနိုင်ပါကြောင်း၊
သို့ဖြစ်ပါ၍ (က) ကျန်နေသည့် ၃ မိုင် ၁ ဖာလုံကို ၂၅ ပေအကျယ်ရှိသော ကျောက်တောင် မိုင်းခွဲပြီး လမ်းချဲ့ပေးတာမျိုးများပြုလုပ်ရန်၊ လမ်းချဲ့ပြီးပါက ယင်းလမ်း ၃ မိုင် ၂ ဖာလုံကို ကတ္တရာ ခင်းပေး ရန်၊ လီလုကျေးရွာရှိ လီလုဘေလီတံတားကို သံကူကွန်ကရစ် တံတားအဖြစ် မြှင့်တင်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်သည့် အချိန်တွင် ဆောင်ရွက်ပေးမည် ကိုသိရှိ လိုကြောင်း မေးမြန်းပါသည်။